ဆုတောင်းပေးကြအုန်း တေတာကလွဲပြီးဘာမှမဖြစ်ဖို့

မြင်းခြံမြို့နယ်၊ လေးရွာဆုံမှ ပျူစောထီးများ တိုက်ခိုက်ခံရပြီး ၂ ဦး အပြင်းအထန်ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၁၃

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လေးရွာဆုံမှ ပျူစောထီးများ တိုက်ခိုက်ခံရပြီး ၂ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း နွားထိုးကြီးမြို့နယ်သတင်းတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက် မွန်းတည့် ၁၂ နာရီခန့်က မြင်းခြံမြို့မှ Alpha ကားဖြင့် လေးရွာဆုံသို့ ပြန်လာသော ပျူစောထီးများကို ပြောင်းပြာရေလှောင်တမံလမ်းခွဲနှင့် ဗလုံကျေးရွာကြားအရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦး ဗိုက်ပေါက်ထွက်ပြင်း ထန်ဒဏ်ရာရရှိပြီး သေဆုံးမှုရှိ ၊ မရှိ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။“မြင်းခြံကနေ Alpha ကားနဲ့ ပြန်လာတဲ့ လေးရွာဆုံက ပျူတွေ ပြောင်းပြာရေလှောင်တမံလမ်းခွဲနဲ့ ဗလုံကျေးရွာကြားမှာ Natogyi Regional Defence Force က ပစ်ခတ်ရှင်းလင်းရာမှာ ပျူ နှစ်ဦး ဗိုက် ကျည်ထိဒဏ်ရာအပြင်းအထန်ရတယ်၊ သေမသေမသိရသေးဘူး” ဟု နွားထိုးကြီးမြို့နယ် သတင်း တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။အဆိုပါတိုက်ခိုက်မှုကို Natogyi Regional Defence Force မှ ရဲဘော်များကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *