ပဲခူးရိုးမ မွှင်းခါး၇ပွဲ အသင့်စောင့်ကြိုပြီးချက်

ပဲခူးရိုးမပေါ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေ မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၇ဦးသေဆုံး

++++++++++++++++++

ဇန်နဝါရီ၊ ၁၃

ပဲခူးတိုင်း၊ မင်းလှမြို့နယ်အပိုင် ရိုးမပေါ်သို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို ဇန်နဝါရီလ ၁၁ရက်နေ့၊ မနက် ၁၀ နာရီအချိန်မှာ တော်လှန်ရေးအင်အားစုတွေက အသင့်စောင့်ကြိုကာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ အသိပေးထုတ်ပြန်လာပါတယ်။

တိုက်ခိုက်မှုကိုတော့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၃) နှင့် တပ်ခွဲ (၂) မှရဲဘော်တွေက ကျွန်းကုန်းကျေးရွာ ချောင်းမကြီး တံတားအနီးမှာ အဆင်သင့် ပြုလုပ်ထားတဲ့ မိုင်းတွေနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၇ဦးထက်မနည်း သေဆုံးသွားတယ်လို့ သိရပါတယ်။

“ကျွန်းကုန်းရွာတိုက်ပွဲမှာ စခ၇ကောင်သေတာ အတိအကျအတည်ပြုနိုင်ပြီး မင်းလှ နာရေးကူညီမှုအသင်းကားနဲ့ သယ်သွားတာ ၁၄လောင်းလို့ သိရပါတယ်၊ ဓာတ်ပုံတော့ မရလိုက်ပေမယ့် အလောင်းလာသယ်တာ ပြည်သူတွေ တွေ့ပါတယ်၊ ပြည်သူတွေက မျက်မြင်ပါပဲ၊ အလောင်းတွေ ကားပေါ်မှာ ထပ်ပြီးတင်ချသွားတာ” လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ပြန်ကြားရေးတာဝန်ခံ ရဲဘော် လော်ရှိန်းက မောင်းကိုပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတစ်ချို့ဟာ ကြောက်လန့်တကြား ထွက်ပြေးသွားပြီး ကျန်ခဲ့တဲ့ တပ်သားတွေနဲ့ ဆက်လက်ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ တော်လှန်ရေးရဲဘော်တွေက ချောက်ကမ်းပါးအပေါ်မှ နေရာယူပြီး လက်နက်ငယ်တွေအပြင်၊ ၄၀ မမတွေနဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ခုလို ၇ဦး သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ရက်နေ့၊ ည ၉နာရီခွဲအချိန်မှာလည်း မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအစပ်ရှိ စမ်းဘုတ်ကျေးရွာကို ဆိုင်ကယ် ၁၆ စီးနဲ့ တက်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို မိုးရိပ်ကျေးရွာအနီးမှာ တော်လှန်ရေးအင်အားစုတွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုကိုတော့ စုံစမ်းနေဆဲပဲလို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကိုတော့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၂)၊ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သာယာဝတီဂဠုန်တပ်ဖွဲ့တို့ ပူးပေါင်းတို က်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပဲခူး႐ိုးမေပၚကို စစ္ေၾကာင္းထိုးလာတဲ့ စစ္ေကာင္စီတပ္ေတြ မိုင္းဆြဲတိုက္ခိုက္ခံရ၊ ၇ဦးေသဆုံး
++++++++++++++++++
ဇန္နဝါရီ၊ ၁၃
ပဲခူးတိုင္း၊ မင္းလွၿမိဳ႕နယ္အပိုင္ ႐ိုးမေပၚသို႔ စစ္ေၾကာင္းထိုးလာတဲ့ စစ္ေကာင္စီတပ္ေတြကို ဇန္နဝါရီလ ၁၁ရက္ေန႔၊ မနက္ ၁၀ နာရီအခ်ိန္မွာ ေတာ္လွန္ေရးအင္အားစုေတြက အသင့္ေစာင့္ႀကိဳကာ မိုင္းဆြဲတိုက္ခိုက္ခဲ့တယ္လို႔ အသိေပးထုတ္ျပန္လာပါတယ္။
တိုက္ခိုက္မႈကိုေတာ့ သာယာဝတီခ႐ိုင္ တပ္ရင္း (၃၈၀၂) တပ္ခြဲ (၃) ႏွင့္ တပ္ခြဲ (၂) မွရဲေဘာ္ေတြက ကြၽန္းကုန္းေက်း႐ြာ ေခ်ာင္းမႀကီး တံတားအနီးမွာ အဆင္သင့္ ျပဳလုပ္ထားတဲ့ မိုင္းေတြနဲ႔ မိုင္းဆြဲတိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီဘက္မွ ၇ဦးထက္မနည္း ေသဆုံးသြားတယ္လို႔ သိရပါတယ္။
“ကြၽန္းကုန္း႐ြာတိုက္ပြဲမွာ စခ၇ေကာင္ေသတာ အတိအက်အတည္ျပဳႏိုင္ၿပီး မင္းလွ နာေရးကူညီမႈအသင္းကားနဲ႔ သယ္သြားတာ ၁၄ေလာင္းလို႔ သိရပါတယ္၊ ဓာတ္ပုံေတာ့ မရလိုက္ေပမယ့္ အေလာင္းလာသယ္တာ ျပည္သူေတြ ေတြ႕ပါတယ္၊ ျပည္သူေတြက မ်က္ျမင္ပါပဲ၊ အေလာင္းေတြ ကားေပၚမွာ ထပ္ၿပီးတင္ခ်သြားတာ” လို႔ သာယာဝတီခ႐ိုင္ တပ္ရင္း ၃၈၀၂ တပ္ခြဲ ၂ ျပန္ၾကားေရးတာဝန္ခံ ရဲေဘာ္ ေလာ္ရွိန္းက ေမာင္းကိုေျပာပါတယ္။
မိုင္းဆြဲတိုက္ခိုက္မႈေၾကာင့္ စစ္ေကာင္စီတပ္သားတစ္ခ်ိဳ႕ဟာ ေၾကာက္လန႔္တၾကား ထြက္ေျပးသြားၿပီး က်န္ခဲ့တဲ့ တပ္သားေတြနဲ႔ ဆက္လက္ၿပီး အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားခဲ့ကာ ေတာ္လွန္ေရးရဲေဘာ္ေတြက ေခ်ာက္ကမ္းပါးအေပၚမွ ေနရာယူၿပီး လက္နက္ငယ္ေတြအျပင္၊ ၄၀ မမေတြနဲ႔ပါ ပစ္ခတ္ခဲ့တာေၾကာင့္ စစ္ေကာင္စီဘက္က ခုလို ၇ဦး ေသဆုံးသြားတာျဖစ္တယ္လို႔ သိရပါတယ္။
အလားတူ ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၁၀ရက္ေန႔၊ ည ၉နာရီခြဲအခ်ိန္မွာလည္း မင္းလွၿမိဳ႕နယ္အပိုင္ ပဲခူး႐ိုးမအစပ္ရွိ စမ္းဘုတ္ေက်း႐ြာကို ဆိုင္ကယ္ ၁၆ စီးနဲ႔ တက္လာတဲ့ စစ္ေကာင္စီယာဥ္တန္းကို မိုးရိပ္ေက်း႐ြာအနီးမွာ ေတာ္လွန္ေရးအင္အားစုေတြက မိုင္းဆြဲတိုက္ခိုက္ခဲ့ၿပီး ထိခိုက္ေသဆုံးမႈကိုေတာ့ စုံစမ္းေနဆဲပဲလို႔ သိရပါတယ္။
အဆိုပါ တိုက္ခိုက္မႈကိုေတာ့ သာယာဝတီခ႐ိုင္ တပ္ရင္း (၃၈၀၂) တပ္ခြဲ (၂)၊ ေ႐ႊတန္းေျမျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕၊ သာယာဝတီဂဠဳန္တပ္ဖြဲ႕တို႔ ပူးေပါင္းတို က္ခိုက္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *