၃ရက်ဆက်တိုက်ဆော်ခံရ(ရုပ်သံ)

ညောင်ဖြူပင်ရဲစခန်း ၃ ရက် ဆက်တိုက် ဒရုန်းနဲ့ဗုံးကြဲခံရ (ရုပ်/သံ)

ဇန်ဝါရီ ၁၃

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းကို ဇန်နဝါရီ ၉ ရက်ကနေ ၁၁ ရက်နေ့အထိ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Group(CFG) အဖွဲ့ဆီက သိရပါတယ်။

ညောင်ဖြူပင်ရဲစခန်းကို ဇန်နဝါရီ ၉ ရက်၊ ၁၀ ရက်နဲ့ ၁၁ ရက် နံနက်တွေမှာ ဗုံးသီး ၅ လုံး၊ ၄ လုံး၊ ၆ လုံးတို့နဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စခန်းပတ်ဝန်းကျင် အဆောက်အဦတွေနဲ့ ဘန်ကာတွေကို ထိမှန်ခဲ့ပြီး ထိခိုက်သေဆုံးမှုကိုတော့ စုံစမ်းနေဆဲပဲ လို့ Chindwin Fighter Group(CFG) တာဝန်ခံက ပြောပါတယ်။

အဲ့ဒီရဲစခန်းမှာ မုံရွာ နမခ က စစ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၅၀ လောက် အထိုင်ချတပ်စွဲနေပြီး ပြည်သူ့နေအိမ်တွေကို မီးထွက်ထွက်ရှို့ပြီး ပြည်သူပိုင်ပစ္စည်းတွေကို စားနပ်ရိက္ခာအဖြစ် ယူယူသွားတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို Chindwin Fighter Group(CFG)၊ ဗန္ဓုလနဲ့အဖွဲ့သားများ၊ Brave Heart Army BHA တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ေညာင္ျဖဴပင္ရဲစခန္း ၃ ရက္ ဆက္တိုက္ ဒ႐ုန္းနဲ႔ဗုံးႀကဲခံရ (႐ုပ္/သံ)
ဇန္ဝါရီ ၁၃
စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕နယ္၊ ေညာင္ျဖဴပင္ရဲစခန္းကို ဇန္နဝါရီ ၉ ရက္ကေန ၁၁ ရက္ေန႔အထိ ေဒသကာကြယ္ေရးပူးေပါင္းအဖြဲ႕ေတြက ဒ႐ုန္းနဲ႔ ဗုံးႀကဲတိုက္ခိုက္ခဲ့တယ္လို႔ Chindwin Fighter Group(CFG) အဖြဲ႕ဆီက သိရပါတယ္။
ေညာင္ျဖဴပင္ရဲစခန္းကို ဇန္နဝါရီ ၉ ရက္၊ ၁၀ ရက္နဲ႔ ၁၁ ရက္ နံနက္ေတြမွာ ဗုံးသီး ၅ လုံး၊ ၄ လုံး၊ ၆ လုံးတို႔နဲ႔ တိုက္ခိုက္ခဲ့တာျဖစ္ၿပီး စခန္းပတ္ဝန္းက်င္ အေဆာက္အဦေတြနဲ႔ ဘန္ကာေတြကို ထိမွန္ခဲ့ၿပီး ထိခိုက္ေသဆုံးမႈကိုေတာ့ စုံစမ္းေနဆဲပဲ လို႔ Chindwin Fighter Group(CFG) တာဝန္ခံက ေျပာပါတယ္။
အဲ့ဒီရဲစခန္းမွာ မုံ႐ြာ နမခ က စစ္သား၊ ရဲနဲ႔ ပ်ဴေစာထီး အင္အား ၅၀ ေလာက္ အထိုင္ခ်တပ္စြဲေနၿပီး ျပည္သူ႔ေနအိမ္ေတြကို မီးထြက္ထြက္ရႈိ႕ၿပီး ျပည္သူပိုင္ပစၥည္းေတြကို စားနပ္ရိကၡာအျဖစ္ ယူယူသြားတယ္လို႔ ဆိုပါတယ္။
ဒီတိုက္ခိုက္မႈကို Chindwin Fighter Group(CFG)၊ ဗႏၶဳလနဲ႔အဖြဲ႕သားမ်ား၊ Brave Heart Army BHA တို႔က ပူးေပါင္းလုပ္ေဆာင္ခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *