စခ ကားတစ်စီးရလိုက်ပြန်ပြီ(ရုပ်သံ)

မြိုင်တွင် စစ်ယာဥ်တန်းကို တိုက်ခိုက်ပြီးနောက် ကား ၁ စီး သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၁၄

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာသို့ ရိက္ခာမပို့နိုင်ဘဲ ပြန်လှည့်လာ သော အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲခြင်း၊ ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက် ခြင်းတို့ လုပ်ဆောင်ပြီးနောက် စစ်တပ်ပိုင် ကား ၁ စီး သိမ်းဆည်း ရရှိခဲ့ ကြောင်း မြိုင်မြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေပိုင်းမှ စတင်၍ ဇန်နဝါရီလ ၁၃ ရက်နေ့ ညပိုင်း အထိ ကန်နီပျူစောထီးရွာသို့ ရိက္ခာမပို့နိုင်ဘဲ ပြန်လှည့်လာသော စစ်တပ် ယာဥ်တန်းကို သရက်ကန်ပျူစောထီးရွာနှင့် တွင်းမပျူစောထီးရွာ အကြားတွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းပွိုင့် ၅ ပွိုင့်ဖြင့် ၆ ကြိမ်မိုင်းဆွဲ တိုက် ခိုက်ခဲ့ကြောင်း၊ ယင်းနောက် ဒရုန်းဖြင့် ဗုံးအလုံး ၅၀ ခန့် ၄ ကြိမ် ဗုံးကျဲ တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေပိုင်း တိုက်ခိုက်မှု အပါအဝင် တိုက်ခိုက် မှုများ ကြောင့် အကြမ်းဖက် စစ်တပ်ဘက်မှ ကား ၂ စီး ပျက်စီးခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၁၀ ဦးကျော် ပြင်းထန် ဒဏ်ရာရရှိပြီး အကြမ်းဖက် စစ်တပ်၏ ထောက်ပို့ကား ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များက သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း ၁ – တပ်ခွဲ (၁) ၊ တပ်ခွဲ(၂-ဂဠုန်) ၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့ ၊ Myaing Warriors တပ်ဖွဲ့ ၊ MRDFတပ်ဖွဲ့ ၊ KMDF(ကမ္မတပ်ပေါင်းစု) ၊ PDF Kamma( ကမ္မတပ်ပေါင်းစု) တို့က ပူပေါင်း ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *