ဘာ​တွေလိမ်အုန်းမလဲမသိဘူး

ပျက်ကျခဲ့တဲ့ တိုက်လေယာဉ်ကို စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ မီးရှို့ဇန်နဝါရီ-၁၆ကရင်နီမှာ ပွိုင့်၅နဲ့ ပစ်ခတ်ခံရပြီး ပျက်ကျခဲ့တဲ့ တိုက်လေယာဉ် K-8Wကို စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက မနေ့ ဇန်နဝါရီ၁၅ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့မှာ ကရင်ပြည်နယ် သံတောင်မြို့အနီးက လယ်ကွင်းတွေနားမှာ စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲဖြစ်ပွားပြီး ဇန်နဝါရီ ၁၅ ရက်မှာ စစ်တပ်တပ်ဖွဲ့ဝင်တွေက လေယာဉ်ပျက်ကျတဲ့နေရာကို သွားပြီးမီးရှို့ခဲ့တာလို့ ကရင်လူ့အခွင့်အရေးအဖွဲ့အစည်း(KHRG)က ထုတ်ပြန်ထားပါတယ်။ဒါ့အပြင် လေယာဉ်ပျက်ကျတဲ့ နေရာနားက ဒေသခံတစ်ဦးရဲ့ စပါးကျီနဲ့ တဲတစ်လုံးကိုပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။K-8W တိုက်ခိုက်ရေးယာဉ်ကို ကရင်နီတော်လှန်ရေးအင်အားစုတွေက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့ ညနေပိုင်းမှာ ပစ်ချနိုင်ခဲ့တာ ဖြစ်ပြီး အဲဒီတိုက်လေယာဉ်ဟာ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ကမာဒီပိုလီနဲ့ မရောပိုလီရွာကြားမှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *