ညစာမွှင်းခါးအပွဲ၃၀အဝကြိတ်

တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ချင်းတော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိရန်ကုန်၊ ဇန်နဝါရီ ၁၆ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ချင်းတော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်မှု အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း CDF CDM SIYIN က တရားဝင်ထုတ်ပြန်ထားသည်။ယနေ့ ဇန်နဝါရီလ ၁၆ ရက် နံနက် ၇ နာရီ မိနစ် ၃၀ အချိန်တွင် အဆိုပါ သိုင်းငင်းစခန်းကို အပြီး သတ် သိမ်းပိုက်နိုင်ခြင်းဖြစ်ပြီး လက်နက်အညံ့ခံခြင်း၊ ဆုတ်ခွာခြင်းမရှိပဲ မဆုတ်တမ်းခံတိုက်နေသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး၊ ရဲ ၁၈ ဦးတို့အားလုံး သေဆုံးသွားခြင်းဖြစ်ကြောင်း၊ ယင်းတိုက်ပွဲ အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ၆ ကြိမ်၊ ကလေးမြို့မှ ၁၂၀ မမ လက် နက်ကြီးဖြင့် အကြိမ်ကြိမ် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။အဆိုပါ စစ်ကောင်စီတပ်စခန်းကို ဇန်နဝါရီလ ၁၂ ရက်ညနေ ၅ နာရီမှ စ၍ ချင်းပြည် (Chinland) ကောင်စီအောက်ရှိ ချင်းကာကွယ်ရေးတပ်များဖြစ်ကြသော CNA ၊ CDF CDM Siyin ၊ CDF Hakha ၊ CDF Thantlang ၊ CDF Hualngo ၊ CDF Zarniat ၊ CDF KKG ၊ PDA နှင် TCDF ပူး ပေါင်းတပ်များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ချင်းပြည်ကောင်စီအောက်ရှိပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၈ ဦးကျဆုံးခဲ့ကာ ၄၀ နီးပါဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ယင်း သိုင်းငန်းစစ်ကောင်စီ ကင်းစခန်းသည် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်တပ်စွဲကာ ဒေသနေပြည်သူများနှင့် ခရီးသွားပြည်သူများအပေါ် အကြောင်းမဲ့ ဖမ်း ဆီး စစ်ဆေးခြင်း၊ အဓမ္မပြုကျင့် သတ်ဖြတ်ခြင်း စသည့် စစ်ရာဇဝတ်မှုများ အကြိမ်ကြိမ် ကျူးလွန်နေသည့် စခန်းတစ်ခုဖြစ်ကြောင်း သိရသည်။ထိုသို့ စစ်ရာဇဝတ်မှုများ အကြိမ်ကြိမ်ကျူးလွန်နေသဖြင့် CDf CDM SIYIN မှ အနီးကပ်စောင့်ကြည့်ခဲ့ ကာ အဝေးမှ အကြိမ်ကြိမ် ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ၂၀၂၂ ခုနှစ်၊ အောက်တို ဘာလ ၁၃ ရက်နေ့ကလည်း စစ်ကောင်စီ ဂိတ်ကို မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ကလည်း CDF CDM SIYIN ၊ PDF Kalay ၊ PDF Zoland ၊ CNDF၊ TCDF၊ CDF KKG B7 ၊ S2 ၊ PDA ကာကွယ်ရေးပူးပေါင်းတပ်စုများ မှ တိုက်ခိုက်ခဲ့ဖူးကြောင်း သိရ သည်။ထို့အပြင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့က CDF CDM SIYIN မှ တစ်ကြိမ်၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် CDF CDM SIYIN ၊ PDF Kalay ၊ PDF Zoland ၊ RKDF နှင့် CNDF ပူးပေါင်းကာ တစ်ကြိမ်၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်တွင် CDF CDM SIYIN ၊ PDF Kalay ၊ PDF Zoland နှင့် CNDF တို့ပူးပေါင်းကာ တစ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ယင်းတိုက်ပွဲအတွင်း စစ်ကူလာရောက်သော တော်လှန်ရေးညီနောင်များ၏ မိခင်အဖွဲ့အစည်းများ၊ တိုက်ပွဲအတွင်း ဆေးဘက်ဆိုင်ရာတာဝန်ယူပေးကြသော ဆရာ၊ ဆရာမများ၊ စားသောက်ရေးကို တာဝန်ယူပေးကြသော Volunteer များ၊ ပြည်တွင်း၊ ပြည်ပမှ ထောက်ပို့ ရဲဘော်၊ ရဲမေများ အားလုံး နှင့် ဆုတောင်းပေးကြသော မိဘပြည်သူများနှင့် ကလေး- သိုင်းငင်းလမ်းကြီးကို နှစ်လနီးပါးအကြာ ပိတ် ဆို့ထားမှုအတွင်း စိတ်ရှည်သီးခံပေးခဲ့ကြသည့် ခရီးသွားပြည်သူများ၊ ကားသမားများကို အထူး ကျေးဇူးတင်ရှိပါကြောင်း CDF CDM SIYIN က ထုတ်ပြန်ထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *