ငှက်ကင်ရုပ်သံလေးလာဘီနော်

နမ့်ဖတ်ကာတွင်ပစ်ချခံရသည့် ဂျက်ဖိုက်တာရုပ်သံထွက်ပေါ်

မဲခေါင်၊ ဇန်နဝါရီ ၁၇

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအနီးတွင် KIA က ဇန်နဝါရီလ ၁၆ရက် မနက် ၁၁နာရီ ၄၀ ခန့်က ပစ်ချလိုက်တဲ့ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာလေယာဉ် ပျက်ကျလာတဲ့ ရုပ်သံမှတ်တမ်း ဒီနေ့မှာထွက်ပေါ်လာပါတယ်။

ရုပ်သံဗီဒီယိုထဲမှာ မှတ်တမ်းတင်နေသူက ကချင်ဘာသာနဲ့ “အရမ်းပြတတ်တယ်နော် ဟိုမှာ ကြည့်လိုက်အုံးတဲ့ ဟိုမှာ ဟိုမှာကြည့် ကျတာလား။ ကျပြီ ကျပြီ ငါတို့ ပေါ်တည့်တည့်” လို့ပြောဆိုပြီး ထွက်ပြေးသွားတာကိုတွေ့ရပါတယ်။

စစ်ကောင်စီဘက်ကတော့ စမ်းသပ်ပျံသန်းနေစဉ် ပျက်ကျတာဖြစ်ပြီး ပစ်ချခံရတာမဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

KIA ဘက်ကတော့ ဘာလက်နက်နဲ့ ပစ်ချတယ်ဆိုတာ ထုတ်ပြန်ပြောဆိုခြင်းမရှိသလို သေဆုံး၊ ဒဏ်ရာရသူစာရင်းကိုလည်း ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

Be the first to comment

Leave a Reply

Your email address will not be published.


*