Breaking News-ငှက်ကင်းပြီးတော့ သံရည်ကြိုလိုက်ပြန်ပြီ

စစ်ကောင်စီတပ်၏ တင့်ကား ၂ စီးနှင့် သံချပ်ကာ ကား ၁ စီးတို့ကို ဖျက်ဆီး နိုင်ခဲ့ဟု KNU က ကြေညာ

ရန်ကုန်၊ ဇန်နဝါရီ ၁၇

အကြမ်းဖက်စစ်ကောင်စီတပ်၏ တင့်ကား ၂ စီးနှင့် သံချပ်ကာ ၁ စီးတို့ကို KNU က ဖျက်ဆီးနိုင်ခဲ့ကြောင်း KNU ဗဟိုက တရားဝင် သတင်းထုတ်ပြန် ကြေညာ သည်။

ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၃ နာရီ၊ ဇန်နဝါရီလ ၅ ရက်နေ့ ည ၉ နာရီ၊ ဇန်နဝါရီလ ၆ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ် အချိန်တို့တွင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့သို့ ပဲနွယ်ကုန်းမြို့မှ စစ်ကူလာသည့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ တင့်ကား နှင့် သံချပ်ကာကားပါ ယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တင့်ဖျက်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

KNU နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် တင့်ကား ၁ စီးမှာ မိုင်းပေါက်ကွဲမှုကြောင့် ပက်လက်လှန်သွားကာ သံချပ်ကာကားမှ ရှေ့ပိုင်း (၁) ပိုင်းလုံး ပျက်စီးသွား ခဲ့ကြောင်း၊ ထိုကား ၂ စီးစလုံးကို ပဲနွယ်ကုန်းမြို့ အတွင်း သို့ ကရိန်းကားများဖြင့် ဆွဲသွားကြောင်း ၊ ထို့ပြင် နတ်သံကွင်းမြို့အနီး ညောင် ဝိုင်း ကျေးရွာအနီး၌လည်း တင့်ကား ပျက် (၁) စီးရောက်ရှိနေကြောင်း KNU က ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း ညီနောင်မဟာမိတ် ၃ ဖွဲ့က တင့်ကား၊ သံချပ်ကာ ကား ၁၀ စီးထက်မနည်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။

ဓါတ်ပုံ − နတ်သံကွင်းမြို့သို့ ပဲနွယ်ကုန်းမြို့မှ စစ်ကူလာသည့် စစ်ကောင်စီတပ် ၏ ထိခိုက်ပျက်စီးနေသော တင့်ကားတစ်စီး။

စစ္ေကာင္စီတပ္၏ တင့္ကား ၂ စီးႏွင့္ သံခ်ပ္ကာ ကား ၁ စီးတို႔ကို ဖ်က္ဆီး ႏိုင္ခဲ့ဟု KNU က ေၾကညာ
ရန္ကုန္၊ ဇန္နဝါရီ ၁၇
အၾကမ္းဖက္စစ္ေကာင္စီတပ္၏ တင့္ကား ၂ စီးႏွင့္ သံခ်ပ္ကာ ၁ စီးတို႔ကို KNU က ဖ်က္ဆီးႏိုင္ခဲ့ေၾကာင္း KNU ဗဟိုက တရားဝင္ သတင္းထုတ္ျပန္ ေၾကညာ သည္။
ဇန္နဝါရီလ ၄ ရက္ေန႔ နံနက္ ၃ နာရီ၊ ဇန္နဝါရီလ ၅ ရက္ေန႔ ည ၉ နာရီ၊ ဇန္နဝါရီလ ၆ ရက္ေန႔ နံနက္ ၁၁ နာရီ ၃၀ မိနစ္ အခ်ိန္တို႔တြင္ ပဲခူးတိုင္း၊ ေက်ာက္ႀကီးၿမိဳ႕နယ္၊ နတ္သံကြင္းၿမိဳ႕သို႔ ပဲႏြယ္ကုန္းၿမိဳ႕မွ စစ္ကူလာသည့္ အာဏာသိမ္းအၾကမ္းဖက္စစ္ေကာင္စီတပ္၏ တင့္ကား ႏွင့္ သံခ်ပ္ကာကားပါ ယာဥ္တန္းကို ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ႏွင့္ ေတာ္လွန္ေရး ပူးေပါင္းတပ္ဖြဲ႕မ်ားက တင့္ဖ်က္မိုင္းမ်ားျဖင့္ တိုက္ခိုက္ခဲ့ေၾကာင္း သိရွိရသည္။
KNU ႏွင့္ ေတာ္လွန္ေရးတပ္ဖြဲ႕မ်ား၏ တိုက္ခိုက္မႈေၾကာင့္ တင့္ကား ၁ စီးမွာ မိုင္းေပါက္ကြဲမႈေၾကာင့္ ပက္လက္လွန္သြားကာ သံခ်ပ္ကာကားမွ ေရွ႕ပိုင္း (၁) ပိုင္းလုံး ပ်က္စီးသြား ခဲ့ေၾကာင္း၊ ထိုကား ၂ စီးစလုံးကို ပဲႏြယ္ကုန္းၿမိဳ႕ အတြင္း သို႔ ကရိန္းကားမ်ားျဖင့္ ဆြဲသြားေၾကာင္း ၊ ထို႔ျပင္ နတ္သံကြင္းၿမိဳ႕အနီး ေညာင္ ဝိုင္း ေက်း႐ြာအနီး၌လည္း တင့္ကား ပ်က္ (၁) စီးေရာက္ရွိေနေၾကာင္း KNU က ထုတ္ျပန္ထားသည္။
ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္လည္း ညီေနာင္မဟာမိတ္ ၃ ဖြဲ႕က တင့္ကား၊ သံခ်ပ္ကာ ကား ၁၀ စီးထက္မနည္းကို တိုက္ခိုက္သိမ္းပိုက္ႏိုင္ခဲ့ေၾကာင္း ညီေနာင္ မဟာမိတ္ ၃ ဖြဲ႕က တရားဝင္ သတင္းထုတ္ျပန္ခဲ့သည္။
ဓါတ္ပုံ − နတ္သံကြင္းၿမိဳ႕သို႔ ပဲႏြယ္ကုန္းၿမိဳ႕မွ စစ္ကူလာသည့္ စစ္ေကာင္စီတပ္ ၏ ထိခိုက္ပ်က္စီးေနေသာ တင့္ကားတစ္စီး။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *