နှစ်သစ်ရဲ့တစ်ပတ်စာပဲရှိသေးတယ် ထပ်လာမယ်

ဒီဇင်ဘာလကနေ ဇန်နဝါရီ ပထမအပတ်အထိ တော်ဝင်ဒေါင်းစစ်ကြောင်း ပါဝင်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က ၄၀ဦး သေဆုံး++++++++++++++++ဇန်နဝါရီ ၁၇ ၂၀၂၃ ဒီဇင်ဘာလကစပြီး ၂၀၂၄ ဇန်နဝါရီလ ပထမအပတ်အထိ တော်ဝင်ဒေါင်းစစ်ကြောင်း ပါဝင်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က ၄၀ဦး သေဆုံးခဲ့တယ်လို့ တော်ဝင်ဒေါင်းစစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။ ပဲခူးတိုင်း၊ ပဲနွယ်ကုန်း- နတ်သံကွင်း ကားလမ်း၊ သဲတော၊ ထိန်တော၊ နရွဲပင်၊ အုန်းနဲပင် စတဲ့နယ်မြေများမှာ နယ်မြေစိုးမိုးရေးနဲ့ ထိန်းချုပ်နိုင်ရေးအတွက် ကြိုးပမ်းခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်များနဲ့ ၂၀၂၃ ဒီဇင်ဘာလကနေ ၂၀၂၄ ဇန်နဝါရီလ ပထမအပတ်ကုန်အထိ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်များအထိနာခဲ့ပြီး နယ်မြေအချို့ကို ထိန်းချုပ် စိုးမိုးနိုင်ခဲ့ပေမယ့် စစ်ကောင်စီတပ်က သာလွန်အင်အားများနဲ့ မြေပြင်ဝေဟင်ပစ်ကူများစွာအသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၆၀ ခန့်နဲ့ လက်နက်ကြီး ပစ်ကူ ၁၁၅ ကြိမ်ခန့်ကို လုပ်ဆောင်ခဲ့တာကြောင့် သဲကော၊ ထိန်တော၊ နရွဲပင်၊ အုန်းနဲပင် စတဲ့ကျေးရွာများပ ရာနဲ့ချီတဲ့ နေအိမ်များ ပျက်ဆီးခဲ့ပြီး အရပ်သားထိခိုက်မှုများစွာ ဖြစ်ပေါ်ခဲ့သလို အရပ်သားထိခိုက်မှုကို အတိအကျကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား စုစုပေါင်း ၄၀ ဦး သေဆုံးကာ ၇၀ဦး နီးပါး ဒဏ်ရာ ရရှိခဲ့ပြီးသေနတ် ၂ လက်၊ Jammer ၁ခု၊ မီးစက် ၂ လုံး၊ 5.56 ကျည် ၁,၀၀၀၊ အီနာဂါ ၁၅ လုံး၊ ၆၀မမ ၁၀ လုံး၊ ဒရုန်း ၁ စင်း၊ လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်းရရှိခဲ့သလို တော်ဝင်ဒေါင်းစစ်ကြောင်းက ရဲဘော် ၁ ဦး တိုင်းပြည်နဲ့ လွတ်လပ်ရေးအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *