လူနာတင်ကားတွေနဲ့ပါသယ်ထုတ်နေရပြီ

စစ်ကောင်စီ ခလရ (၁၀၆) ကို ရေးဘီလူးအဖွဲ့မှ တိုက်ခိုက်ရာ စစ်သား ၄ဦးသေဆုံး

ဇန်နဝါရီ၊ ၁၇

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင် ကျေးရွာအခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၁၀၆) ကို ဒီကနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့၊ မနက် ၆နာရီ ဝန်းကျင်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကင်းစောင့်နေတဲ့ စစ်သား ၄ဦးသေဆုံးသွားတယ်လို့ ရေးဘီလူး အဖွဲ့ခေါင်းဆောင်က အတည်ပြုပြောဆိုပါတယ်။

အင်အား ၈ဦးဖြင့် ကင်းစောင့်နေတဲ့ စခရ (၁၀၆) ရှေ့မှ လုံခြုံရေးကင်း ကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“အသေဆုံးကတော့ ၄ဦးပါ၊ အထဲမှာ ဒဏ်ရာရသူတွေလည်း ရှိနိုင်ပါတယ်၊ ပြည်သူတွေကို ဖမ်းတာစီးတာတော့ မရှိသေးပါဘူး၊ လူနာတင်ကားတွေနဲ့ သယ်နေတာလည်းရှိပါတယ်” လို့ ရေးဘီလူး အဖွဲ့ခေါင်းဆောင် ကမောင်းကို ပြောပါတယ်။

ထို့အပြင် မော့ကနင်ကျေးရွာရှိ စစ်ရေးဂိတ်ကိုလည်း ရေးဘီလူးအဖွဲ့မှ မီးရှို့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ရက်နေ့၊ နေ့လည် ၂နာရီ လောက်မှာလည်း ကျောင်းရွာရှိ (၅၉၁) တပ်ထဲကို ရေးဘီလူးအဖွဲ့မှာ ၄၀ မမနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

“(၅၉၁) ကို ပစ်တာက မွေးမြူရေးခြံထဲကိုကျသွားတော့ စခဘက်က သေတာတော့မရှိပါဘူး၊ ပြည်သူတွေကို လက်နက်ကြီးတွေနဲ့ ပြန်ပစ်တာတော့ရှိတယ်၊ ဒါပေမဲ့ ပြည်သူတွေ ထိခိုက်တာမျိုးတော့ မကြားပါဘူး” လို့ ၎င်းကပြောပါတယ်။

ရေးဘီလူးအဖွဲ့ဟာဆိုရင် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့ကလည်း စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာတဲ့ ရေးမြို့နယ်၊ ခေါဇာနယ်မြေရဲစခန်းကိုလည်း ရေးဘီလူးအဖွဲ့ကမီးရှို့ ဖျက်ဆီးခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့ပါတယ်။

စစ္ေကာင္စီ ခလရ (၁၀၆) ကို ေရးဘီလူးအဖြဲ႕မွ တိုက္ခိုက္ရာ စစ္သား ၄ဦးေသဆုံး
+++++++++++++++++++
ဇန္နဝါရီ၊ ၁၇
မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္၊ ေမာ့ကနင္ ေက်း႐ြာအေျခစိုက္ ေျခလ်င္တပ္ရင္း ခလရ (၁၀၆) ကို ဒီကေန႔ ဇန္နဝါရီလ ၁၇ ရက္ေန႔၊ မနက္ ၆နာရီ ဝန္းက်င္မွာ ပစ္ခတ္တိုက္ခိုက္ခဲ့ရာ ကင္းေစာင့္ေနတဲ့ စစ္သား ၄ဦးေသဆုံးသြားတယ္လို႔ ေရးဘီလူး အဖြဲ႕ေခါင္းေဆာင္က အတည္ျပဳေျပာဆိုပါတယ္။
အင္အား ၈ဦးျဖင့္ ကင္းေစာင့္ေနတဲ့ စခရ (၁၀၆) ေရွ႕မွ လုံၿခဳံေရးကင္း ကို တိုက္ခိုက္ခဲ့တယ္လို႔ သိရပါတယ္။
“အေသဆုံးကေတာ့ ၄ဦးပါ၊ အထဲမွာ ဒဏ္ရာရသူေတြလည္း ရွိႏိုင္ပါတယ္၊ ျပည္သူေတြကို ဖမ္းတာစီးတာေတာ့ မရွိေသးပါဘူး၊ လူနာတင္ကားေတြနဲ႔ သယ္ေနတာလည္းရွိပါတယ္” လို႔ ေရးဘီလူး အဖြဲ႕ေခါင္းေဆာင္ ကေမာင္းကို ေျပာပါတယ္။
ထို႔အျပင္ ေမာ့ကနင္ေက်း႐ြာရွိ စစ္ေရးဂိတ္ကိုလည္း ေရးဘီလူးအဖြဲ႕မွ မီးရႈိ႕ႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။
အလားတူ ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၁၆ရက္ေန႔၊ ေန႔လည္ ၂နာရီ ေလာက္မွာလည္း ေက်ာင္း႐ြာရွိ (၅၉၁) တပ္ထဲကို ေရးဘီလူးအဖြဲ႕မွာ ၄၀ မမနဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့ေသးတယ္လို႔ သိရပါတယ္။
“(၅၉၁) ကို ပစ္တာက ေမြးျမဴေရးၿခံထဲကိုက်သြားေတာ့ စခဘက္က ေသတာေတာ့မရွိပါဘူး၊ ျပည္သူေတြကို လက္နက္ႀကီးေတြနဲ႔ ျပန္ပစ္တာေတာ့ရွိတယ္၊ ဒါေပမဲ့ ျပည္သူေတြ ထိခိုက္တာမ်ိဳးေတာ့ မၾကားပါဘူး” လို႔ ၎ကေျပာပါတယ္။
ေရးဘီလူးအဖြဲ႕ဟာဆိုရင္ ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၇ ရက္ေန႔ကလည္း စစ္ေကာင္စီ လက္ေအာက္ခံ ရဲတပ္ဖြဲ႕ဝင္ေတြ စခန္းစြန႔္ခြာတဲ့ ေရးၿမိဳ႕နယ္၊ ေခါဇာနယ္ေျမရဲစခန္းကိုလည္း ေရးဘီလူးအဖြဲ႕ကမီးရႈိ႕ ဖ်က္ဆီးခဲ့တဲ့ ျဖစ္စဥ္ေတြရွိခဲ့ပါတယ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *