ဦးဆောင်သူကြီးနဲ့ဆိုတော့မိမိုက်နေရော

သိုင်းငင်းစစ်ကောင်စီတပ် စခန်းသိမ်းတိုက်ပွဲကို CNA/CNF က ဒုဗိုလ်မှူးကြီး ဦးဆောင်တိုက်ခိုက်ခဲ့ဇန်နဝါရီ ၁၈အခုလ ဇန်နဝါရီ(၁၂) ရက်နေ့ ညနေ (၅)နာရီက စတင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ(၁၆) ရက်နေ့ မနက်(၇)နာရီဝန်းကျင်မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက အပြီးပိုင်သိမ်းပိုက်နိုင်ခဲ့တဲ့ ချင်းပြည်နယ်၊ တီးတိန်းမြို့နယ်၊ သိုင်းငင်းကျေးရွာက စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၂၉ ဦး သေဆုံးခဲ့ပါတယ်။ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းယူခဲ့တဲ့ စစ်ကောင်စီရဲ့ အဲ့ဒီတပ်စခန်းဟာ ၂ နှစ်ကျော်ကြာ ခြေကုပ်ယူထားခဲ့တဲ့ စခန်းတစ်ခုဖြစ်ပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်ကနေ တိုက်လေယာဉ်၊ ကလေးမြို့ကနေ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ စဉ်ဆက်မပြတ် တိုက်ခိုက်ပစ်ကူပေးခဲ့ပေမယ့် ချင်းပြည် သူရဲကောင်းတွေရဲ့ ရဲစွမ်းသတ္တိရှိမှုကြောင့် တိုက်လေယာဉ်နဲ့ လက်နက်ကြီးတွေကြားထဲကပဲ ရွပ်ရွပ်ချွံချွံထိုးစစ်ဆင်ပြီး တောင်ကုန်းစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ Chinland Information Center က မနေ့က ဇန်နဝါရီ ၁၇ ရက်ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။တိုက်ခိုက်မှုကို ဒုတိယဗိုလ်မှူးကြီး လာလ်ဘိခ်ထန်းဦးဆောင်ခဲ့ပြီး ချင်းအမျိုးသားတပ်မတော် (CNA)နဲ့ ပူးပေါင်းတပ်ဖွဲ့များဖြစ်တဲ့ CDM-Siyin၊ CDF-KKG၊ CDF-Hualngoram၊ CDF-Zanniatram၊ CDF-Thantlang၊ CDF-Hakhaနဲ့ PDA တို့က လုပ်‌ဆောင်ခဲ့တာဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။တိုက်ပွဲအတွင်းမှာ ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေက ရဲဘော် ၈ဦး ကျဆုံးပြီး ၄၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း တိုက်ခိုက်ရာမှာပါဝင်ခဲ့တဲ့ CDF CDM-Siyin အဖွဲ့က ထုတ်ပြန်ထားပါတယ်။သိုင်းငင်းတပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အခုငါးကြိမ်မြောက်တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်စခန်းကို သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။သိုင်းငင်းစခန်းသိမ်းတိုက်ပွဲဓာတ်ပုံမှတ်တမ်း (ဓါတ်ပုံ- CIC)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *