မဘိမ်းမြို့မကြာခင်အမြန်ဆုံးsold out ပါစေ

မဘိမ်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ၀ိုင်းထားပြီး စစ်တပ်က လေယာဉ် များဖြင့် တောက်လျှောက်ဗုံးကျဲနေ၊ မဘိမ်းမြို့မရဲစခန်းတွင် တိုက်ပွဲပြင်း ထန် နေပြီး တော်လှန်ရေးတပ်များက ပိတ်ဆို့ထားရန်ကုန်၊ ဇန်နဝါရီ ၂၀ ရှမ်းပြည်မြောက်ပိုင်း၊ မဘိမ်းမြို့ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့ များက ဝိုင်းထားပြီး စစ်တပ်က လေယာဉ်များဖြင့် တောက် လျှောက်ဗုံးကျဲ နေ ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို ကြသည်။ ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၅ နာရီအချိန်မှစတင်ပြီး တော်လှန်ရေး တပ်များက မဘိမ်းမြို့ကို စတင်တိုက်ခိုက်ကြောင်း၊ မဘိမ်းမြို့မရဲစခန်း ကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ၀ိုင်းထားပြီး မြို့တွင်းရှိ စစ်ကောင်စီ ကင်းစခန်းတချို့ကိုလည်း သိမ်းပိုက်ရရှိကြောင်း၊ စစ်ကောင်စီက လေယာဉ် များဖြင့် ဗုံးအလုံး ၃၀ ထက်မနည်း မဘိမ်းမြို့ပေါ်သို့ ကျဲချနေကြောင်း ဒေသ ပြည်သူ များက ပြောဆိုကြသည်။ “မဘိမ်းမြို့ ရဲစခန်းက ကျပြီလို့လည်း ပြောတယ်။ ရဲစခန်းကိုလည်း ၀ိုင်းထား တယ်လို့ လည်းပြောတယ်။ တိုက်ပွဲကအရမ်းပြင်းထန်နေတယ်။ စစ်တပ် ဘက်က လေယာဉ်တွေနဲ့ ဗုံးတွေကျဲချနေတယ်။ လေယာဉ်က တိုက်လေယာဉ် မဟုတ်ဘူး။ ပစ္စည်းသယ်တဲ့လေယာဉ်အဖြူတွေနဲ့ ဗုံးတွေ ကျဲချတာ။ ဗုံးတွေကျဲ ချနေတာ အလုံး ၃၀ မကတော့ဘူး။ ခေါက်တုံ့ခေါက်ပြန် ကျဲနေတာ။ လက်နက် ကြီး တွေကလည်း တအုန်းအုန်းပဲ ပစ်နေတာ” ဟု မဘိမ်းမြို့ဒေသ ပြည်သူတစ်ဦးက ပြောဆိုသည်။ လက်ရှိတွင် မဘိမ်းမြို့မှ ပြည်သူများ ရသည့်ပုံစံဖြင့် ထွက်ပြေးနေကြပြီး ပိတ်မိ နေသည့် သူများလည်းရှိကြောင်း၊ စစ်တပ် လေကြောင်းနှင့် လက်နက် ကြီးများ ဖြင့် ပစ်ခတ်တိုက်ခိုက် ဗုံးကျဲရာတွင် ပြည်သူများနေထိုင် သော ရပ်ကွက် များ နှင့် နေအိမ်များကိုပါ ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင် နေ‌ကြောင်း သိရှိရသည်။ ဓာတ်ပုံ- မဘိမ်းမြို့ ရဲစခန်း။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *