မနက်ခင်းစောစော ဆုတောင်းပေးလိုက်ကြအုန်း😂😂😂😂ဗျူဟာမှူးတဲ့

ကျောက်တော်အခြေစိုက် စကခ ၉ ၊ နည်းဗျူဟာ ၃ မှ ဗျူဟာမှူး ဒုဗိုလ်မှူးကြီး ညီညီဝင်းကို ဒဏ်ရာများနှင့် ဖမ်းဆီးရရှိပြီး AA က ဆေးကုသပေးနေ

ရန်ကုန်၊ ဇန်နဝါရီ ၂၂

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အခြေစိုက်အမှတ် ၉ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ-၉) မှနည်းဗျူဟာ ၃ မှ ဗျူဟာမှူး ဒုဗိုလ်မှူးကြီး ညီညီဝင်း ကို ဒဏ်ရာများဖြင့် ဖမ်းဆီးရရှိထားပြီး AAက ဆေးဝါး ကုသပေး နေကြောင်း ဓာတ်ပုံနှင့်တကွ AA က ထုတ်ပြန်သည်။

ယမန်နေ့ ညပိုင်း AA က ထုတ်ပြန်သော ထုတ်ပြန်ချက်တွင် ဇန်နဝါရီလ ၁၄ ရက်နေ့ ၃၇၇ အမြောက်တပ်ရင်းနှင့် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ခမရ ၅၃၉ တပ်ရင်းတို့ကို ရက္ခိုင့်တပ်တော် AAမှ အပြီးသတ်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်း အများအပြား သိမ်းဆည်း ရရှိခဲ့ကြောင်း၊ ထို့ပြင် ကျောက်တော်မြို့နယ်အခြေစိုက်အမှတ် ၉ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ-၉) မှနည်းဗျူဟာ ၃ မှ ဗျူဟာမှူး ဒုဗိုလ်မှူးကြီး ညီညီဝင်းကို ဒဏ်ရာများဖြင့် ဖမ်းဆီးရရှိထားပြီး AAက ဆေးဝါး ကုသပေး နေကြောင်း ဓာတ်ပုံနှင့်တကွ AA က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

AAက သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများတွင် အမြောက်များ များစွာ ပါဝင်ပြီး လက်နက်ငယ်နှင့် ခဲယမ်းပေါင်းမြောက်မြားစွာ ပါဝင်ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *