မကြာခင်လာမယ့်မိုးမိတ်သတင်းကောင်း

မိုးမိတ်မြို့နယ်အတွင်းရှိ တပ်မိသားစုဝင်များကို ရဟတ်ယာဉ်များဖြင့် ပြောင်း ရွှေ့ ၊ တိုက်ခိုက်ရေးအရာရှိနှင့်စစ်သည်များသာ ချန်ထားခဲ့■ မိုးမိတ် မကျစေရေး ခုခံစစ်ကို စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး ကွပ်ကဲနေရန်ကုန်၊ ဇန်နဝါရီ ၂၂ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်းရှိ တပ်မိသားစုဝင်များကို ရဟတ်ယာဉ်များဖြင့် ပြောင်းရွှေ့ပေးနေပြီး တိုက်ခိုက်ရေး အရာရှိနှင့် စစ်သည် များကိုသာ တပ်အတွင်းတွင် ထားရှိတော့ကြောင်း တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ KIA ဦးဆောင်သော တော်လှန်ရေးတပ်များက မိုးမိတ်မြို့ကို တိုက်ခိုက် လာချိန်တွင် စစ်ကောင်စီက မိုးမိတ်မြို့နယ်အတွင်းရှိ တပ်မိသားစုဝင်များကို ရဟတ်ယာဉ်များဖြင့် ပြောင်းရွှေ့ပေးနေခြင်းဖြစ်ပြီး တိုက်ခိုက်ရေး အရာရှိနှင့် စစ်သည်များကိုသာ တပ်အတွင်းတွင် ချန်ထားခဲ့ကြောင်း၊ ထို့ကြောင့် လက်နက် ချ အညံ့ခံရန် မလွယ်တော့ဘဲ အသေခံ တိုက်ခိုက်သည့် သဘောဖြစ်ကြောင်း တပ်သတင်းရင်းမြစ်တချို့က ပြောဆိုသည်။။”မိုးမိတ်တပ်တွင်းက စစ်သည်တွေရဲ့အမျိုးသမီးနဲ့ ကလေးတွေအကုန်လုံးကို ရဟတ်ယာဉ်၂စီးနဲ့ ခေါက်တုံ့ခေါက်ပြန် အကုန်ခေါ်ထုတ်သွားပါပြီ။ တိုက်ခိုက် ရေး အရာရှိနဲ့စစ်သည်တွေပဲ ကျန်ရစ်တယ်။ လုံးဝ အညံ့မခံခိုင်းဘဲ အသေခံ တိုက်ခိုင်းတာလို့ ပြောလို့ရတယ်” ဟု တပ်သတင်းရင်းမြစ်က ဆိုသည်။ လက်ရှိတွင် စစ်ကောင်စီက မိုးမိတ်မြို့နယ်အတွင်းရှိ တပ်များကို ၇၁ တပ်ရင်း နှင့် တပ်မ ၅၅ မှ တပ်များ ထပ်မံ အင်အားဖြည့်တင်းထားကြောင်း၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးမင်းဦးက ၎င်း၏ မိခင်တပ်ဖြစ်သော ခလရ ၂၇၆ မကျစေ ရေး အတွက် လေကြောင်း ပစ်ကူများကိုလည်း အဆင်သင့်ပြင်ခိုင်းထားကြောင်း သိရှိရသည်။ “မိုးမိတ်ကို လေယာဉ် ၃စင်းအမြဲကင်းပတ်ခိုင်းထားတယ်။ တခြားတပ်ရင်း ၇၁နဲ့ တပ်မ၅၅ကလည်း အင်အားဖြည့်ထားတယ် မိုးမိတ် ခလရ ၂၇၆တပ်ရင်းက စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးမင်းဦးရဲ့ တပ်ပါ။ သူ တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာ ၇နှစ်ကြာတယ် သူကအကြာဆုံးပဲ။ ဒါကြောင့် သူ တာဝန်ကျတဲ့တပ် လုံးဝမကျစေရဘူးတဲ့ လေယာဉ်တွေ အဆင်သင့်အမြဲ လုပ် ခိုင်းထားတယ်။ ဗျူဟာမှူးကတော်နဲ့ တပ်ရင်းမှူးကတော် အရာရှိကတော် တွေ အကုန်ထွက်ပြေး၊ ရွှေ့သွားကြပါပြီ” ဟု တပ်သတင်းရင်းမြစ်က ဆိုသည်။ မိုးမိတ်မြို့ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ဇန်နဝါရီလ ၁၈ ရက်နေ့မှ စတင်တိုက်ခိုက်ခြင်းဖြစ်ပြီး မိုးမိတ်မြို့နယ်တွင် ခမရ ၃၄၈၊ ခလရ ၂၇၆ ၊ ခလရ ၂၂၃ တပ်ရင်း ၃ ခုနှင့် အခြေချ ဗျူဟာရှိနေပြီး ယင်းတပ်ရင်း ၃ ခုနှင့် အခြေချဗျူဟာတို့က မိုးမိတ်မြို့ မကျစေရေး အပြင်းအထန်ခုခံနေကြောင်း သိရှိရသည်။ဓာတ်ပုံ- မိုးမိတ် ခလရ ၂၇၆ မှ သေဆုံးသော ဗိုလ်မှူး၏ နာရေးဖိတ်စာနှင့်ဓာတ်ပုံ။ Photo- Zin Yaw

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *