လက်တစ်ဖက်တော့သေချာနေပြီ အတတ်လေးပါထွက်ရမှာ

ရေးတွင် အမတ-၃၁၆ တပ်ရင်းမှူးအောင်ဇင်လတ် ပစ်ခတ်ခံရပြီး ဒဏ်ရာအပြင်းအထန်ရ

ဧရာဝတီတိုင်းမ်

(ရေး)၊ ဇန်နဝါရီ ၂၃ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကလော့ကြီးကျေးရွာသို့လာသည့် စစ်ကောင်စီလက်အောက်ခံ အမြောက်တပ် အမတ-၃၁၆ တပ်ရင်း တပ်ရင်းမှူး (ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူ) အောင်ဇင်လတ်ကို ယနေ့ ဇန်နဝါရီ ၂၃ ရက်၊ နံနက် ၈ နာရီဝန်းကျင်က ရေးဘီလူးအဖွဲ့က သေနတ်ဖြင့် ပိတ်ဆို့ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ကလော့ကြီးကျေးရွာအခြေစိုက် အမတ-၃၁၆ တပ်ရင်းမှူး အောင်ဇင်လတ် ရွာအတွင်းသို့လာစဉ် ဝိုင်းဝန်းပစ်ခတ်ခဲ့ခြင်းဖြစ်ကာ သေဆုံးခဲ့ခြင်းမရှိသော်လည်း ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယခုအခါရေးမြို့ဆေးရုံသို့ပို့ဆောင်၍ လက်တစ်ဖက်ဖြတ်ရမည့် အခြေအနေတွင် ရှိနေကြောင်း ရေးဘီလူးအဖွဲ့ထံက သိရသည်။

“ကလော့ကြီးထဲကို ဝင်လာခဲ့တဲ့အမြောက်တပ် တပ်ရင်းမှူးကို စောင့်ပစ်တယ်။ သူလာတဲ့အချိန်မှာ ကျွန်တော်တို့ပစ်ရတဲ့အခြေအနေက သိမရှင်းလင်းဘူးဗျ။ အနီးကပ်ရောက်မှ ပစ်ရတဲ့အတွက် သူကကားကိုမောင်းပြေးသွားနိုင်တယ်။ ဒါပေမဲ့ပိုင်ပိုင်နိုင်နိုင်ပစ်ခဲ့တဲ့အတွက် အခုတော့ဆေးရုံရောက်နေတယ်လို့သိရတယ်။ အခြေအနေကတော့စိုးရိမ်စရာ ဒဏ်ရာတွေရထားတယ် လက်တစ်ဖက်ဖြတ်ရမယ်လို့လဲ ကျွန်တော်တို့သတင်းအတိအကျရထားတယ်” ဟုရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

တပ်ရင်းမှူး အောင်ဇင်လတ် ပစ်ခတ်ခံရမှုအပြီးတွင် စစ်ကောင်စီက ဟံဂံကျေးရွာနှင့် ကလော့ကြီးကျေးရွာအကြားတွင် ဖောကား အများအပြားဖြင့် လာရောက်ပြီး စစ်ဆေးရေးများပြုလုပ်ကာ ၎င်းတို့မသင်္ကာသည့် ဒေသခံများကို စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေးမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်နေ့ကလည်း ရေး-မော်လမြိုင်ကားလမ်းပေါ်ရှိ စစ်ကောင်စီကြိုးတံတားဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ရာ စခန်းသိမ်းတိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုး ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ရေးဘီလူး

ေရးတြင္ အမတ-၃၁၆ တပ္ရင္းမႉးေအာင္ဇင္လတ္ ပစ္ခတ္ခံရၿပီး ဒဏ္ရာအျပင္းအထန္ရ
ဧရာဝတီတိုင္းမ္
(ေရး)၊ ဇန္နဝါရီ ၂၃ ရက္
မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္၊ ကေလာ့ႀကီးေက်း႐ြာသို႔လာသည့္ စစ္ေကာင္စီလက္ေအာက္ခံ အေျမာက္တပ္ အမတ-၃၁၆ တပ္ရင္း တပ္ရင္းမႉး (ဒုတိယဗိုလ္မႉးႀကီးအဆင့္ရွိသူ) ေအာင္ဇင္လတ္ကို ယေန႔ ဇန္နဝါရီ ၂၃ ရက္၊ နံနက္ ၈ နာရီဝန္းက်င္က ေရးဘီလူးအဖြဲ႕က ေသနတ္ျဖင့္ ပိတ္ဆို႔ ပစ္ခတ္ခဲ့ေၾကာင္း သိရသည္။
ကေလာ့ႀကီးေက်း႐ြာအေျခစိုက္ အမတ-၃၁၆ တပ္ရင္းမႉး ေအာင္ဇင္လတ္ ႐ြာအတြင္းသို႔လာစဥ္ ဝိုင္းဝန္းပစ္ခတ္ခဲ့ျခင္းျဖစ္ကာ ေသဆုံးခဲ့ျခင္းမရွိေသာ္လည္း ျပင္းထန္စြာထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ယခုအခါေရးၿမိဳ႕ေဆး႐ုံသို႔ပို႔ေဆာင္၍ လက္တစ္ဖက္ျဖတ္ရမည့္ အေျခအေနတြင္ ရွိေနေၾကာင္း ေရးဘီလူးအဖြဲ႕ထံက သိရသည္။
“ကေလာ့ႀကီးထဲကို ဝင္လာခဲ့တဲ့အေျမာက္တပ္ တပ္ရင္းမႉးကို ေစာင့္ပစ္တယ္။ သူလာတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔ပစ္ရတဲ့အေျခအေနက သိမရွင္းလင္းဘူးဗ်။ အနီးကပ္ေရာက္မွ ပစ္ရတဲ့အတြက္ သူကကားကိုေမာင္းေျပးသြားႏိုင္တယ္။ ဒါေပမဲ့ပိုင္ပိုင္ႏိုင္ႏိုင္ပစ္ခဲ့တဲ့အတြက္ အခုေတာ့ေဆး႐ုံေရာက္ေနတယ္လို႔သိရတယ္။ အေျခအေနကေတာ့စိုးရိမ္စရာ ဒဏ္ရာေတြရထားတယ္ လက္တစ္ဖက္ျဖတ္ရမယ္လို႔လဲ ကြၽန္ေတာ္တို႔သတင္းအတိအက်ရထားတယ္” ဟုေရးဘီလူးအဖြဲ႕ေခါင္းေဆာင္က ဧရာဝတီတိုင္းမ္ကို ေျပာသည္။
တပ္ရင္းမႉး ေအာင္ဇင္လတ္ ပစ္ခတ္ခံရမႈအၿပီးတြင္ စစ္ေကာင္စီက ဟံဂံေက်း႐ြာႏွင့္ ကေလာ့ႀကီးေက်း႐ြာအၾကားတြင္ ေဖာကား အမ်ားအျပားျဖင့္ လာေရာက္ၿပီး စစ္ေဆးေရးမ်ားျပဳလုပ္ကာ ၎တို႔မသကၤာသည့္ ေဒသခံမ်ားကို စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
ေရးၿမိဳ႕နယ္တြင္ ၿပီးခဲ့သည့္ ဇန္နဝါရီ ၂၀ ရက္ေန႔ကလည္း ေရး-ေမာ္လၿမိဳင္ကားလမ္းေပၚရွိ စစ္ေကာင္စီႀကိဳးတံတားဂိတ္စခန္းကို ေတာ္လွန္ေရးပူးေပါင္းအဖြဲ႕မ်ားက တိုက္ခိုက္ခဲ့ရာ စခန္းသိမ္းတိုက္ခိုက္ႏိုင္ခဲ့ၿပီး စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ကိုး ဦးေသဆုံးခဲ့ေၾကာင္း သိရသည္။
ဓာတ္ပုံ – ေရးဘီလူး

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *