ဒါတွေအကုန်အောင်လို့ကတော့ ပြာဖြစ်န်ုင်တယ်(ရုပ်သံ)

မန္တလေး တံတားဦးလေတပ်စခန်းကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက် ခိုက် မှု အဆောက် အအုံ တစ်ခုထိမှန်မီးလောင်၊ ရှော့တိုက်ဒုံး ၇ လုံး ပစ်မရ၍ စစ် ကောင်စီက သိမ်းဆည်း (ရုပ်/သံ)

ရန်ကုန်၊ ဇန်နဝါရီ ၂၄

မန္တလေး၊ တံတားဦးလေတပ်စခန်းကို ယမန်နေ့ ညနေပိုင်း ရှော့တိုက်ဒုံး ၅ လုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Urban Special Operation(U.S.O) မြို့ပြ အထူးစစ်ဆင်ရေးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေ ၄ နာရီ ၄၉ မိနစ်အချိန် မန္တလေးတိုင်း၊ တံတားဦး မြို့နယ်ရှိ တံတားဦးလေတပ်စခန်းကို မြို့ပြအထူးစစ်ဆင်ရေးမှ မဟာမိတ် အဖွဲ့ နှင့်အတူ တာဝေးပစ် ၁၀၇ မမ ၁၂ လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း မစ်ရှင်ကို Brave Warriors For Myanmar (BWM) ၏ ကူညီပံ့ပိုးမှုဖြင့် မြို့ပြ အထူး စစ်ဆင်ရေး (U.S.O) နှင့်အတူ မဟာမိတ်ဖြစ်သော Security & Special Task Force (SSTF-MDY) တို့ ပူးပေါင်း ဖောက်ဆောင်ခဲ့ကြောင်း သိရှိရသည်။

တံတားဦးလေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၂ လုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ရှော့ တိုက်ဒုံး ၅ လုံးသာ ပစ်ခတ်နိုင်ခဲ့ကြောင်း၊ ရှော့တိုက်ဒုံး ၇ လုံးမှာ ချွတ် ယွင်း ချက် ဖြစ်ပြီး မပစ်ခတ်နိုင်ဘဲ ထားပစ်ခဲ့ရကြောင်း၊ ယင်းရှော့တိုက်ဒုံး ၇ လုံး ကို စစ်ကောင်စီက သိမ်းဆည်းသွားခဲ့ကြောင်း U.S.O မှ တာဝန်ရှိသူက ပြော ကြားသည်။

” ရှော့တိုက်ဒုံး ၁၂ လုံး ပစ်ခတ်ရန် ရည်ရွယ်ခဲ့ပေမယ့် ၇လုံးခန့် ချွတ်ယွင်းချက် ဖြစ်တယ်။ ၅လုံးပဲ ပစ်လွှတ်နိုင်ခဲ့တယ်။ Error ရှော့တိုက်ဒုံး ၇ လုံးကို သုံးမရ တော့တဲ့ အတွက် ရဲဘော်တွေ ဘေးလွတ်ကင်းနိုင်စေဖို့ ထားခဲ့ရတယ်။မြေပြင် သတင်းအရ စစ်ကောင်စီက သိမ်းဆည်းသွားတယ်လို့ သိရတယ်” ဟု U.S.O မှ တာဝန်ရှိသူက ပြောကြားသည်။

တံတားဦးလေတပ်စခန်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ရာတွင် အဆောက်အအုံ တစ်ခု ကို ထိမှန်၍ မီးလောင်ကျွမ်းသွားကြောင်း မီးလောင်မှုကို မြင်တွေ့ ခဲ့ရ သည့် ဒေသပြည်သူများက ပြောဆိုသည်။

“ရှော့တိုက် ဒုံးထိပြီး မီးလောင်တာမြင်ရတယ်။ အဆောက်အအုံတစ်ခုကို ထိပြီး မီးလောင်တာ မြင်ရတာ။ ဘာအဆောက်အအုံလဲတော့မသိဘူး။ လေတပ်ထဲက အဆောက်အုံပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

တံတားဦးလေတပ်စခန်းတွင် ယမန်နေ့ ညနေပိုင်း မီးလောင်မှုကြောင့် မီးခိုးလုံး ကြီးများ တက်လာသည်ကို မြင်ရကြောင်း အခြား မန္တလေးဒေသပြည်သူ တစ်ဦးက ရှင်းပြသည်။

“မီးခိုးလုံးတွေကြီးထလောင်နေတာ။ စစ်သားတွေက လေယဉ်ကွင်း အရှေ့ ဘက် ခြမ်းနေတာ။ ရှော့တိုက်ဒုံးက စစ်သားတွေ နေတဲ့ အရှေ့ဘက်ခြမ်းကျတာ။ မီးလောင်တာတော့တော် တော်ကြီးတယ်”ဟု အခြားမန္တလေး ဒေသပြည်သူ တစ် ဦးက ပြောဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *