မြို့ပေါ်ဟန်ရေးပြမရဲလောက်တော့ဘူး(ရုပ်သံ)

မုံရွာမြို့ပေါ် အိမ်စီးကား ၂ စီးနဲ့ ကင်းပတ်နေတဲ့ စစ်ကောင်စီလက်အောက်ခံရဲတွေ အနီးကပ်တိုက်ခိုက်ခံရပြီး ၁၀ ဉီးသေဆုံး ၂ ဉီး ဒဏ်ရာရ (ရုပ်/သံ)

ဇန်နဝါရီ ၂၄ ရက်

စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်မှာ အိမ်စီးကား ၂ စီးနဲ့ ကင်းပတ်နေတဲ့ စစ်ကောင်စီလက်အောက်ခံရဲ တွေကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၀ ဦး သေဆုံးပြီး ၂ ဉီး ဒဏ်ရာရရှိသွားတယ်လို့ မုံရွာခရိုင် အမှတ်(၂၂) နတ်ဆိုးတပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၂၁ ရက်က နံနက် ၉ နာရီခန့်က စက်မှု ၁ အေးရိပ်သာလမ်းရှိ လက်ဖက်ရည်ဆိုင်ထိုင် နေတဲ့ အမှတ် ၂ ရဲစခန်းမှ ဒုရဲအုပ် ၁ ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက်ရှင်းလင်း ခဲ့ပြီးနောက် နယ်မြေရှင်းလင်းရေး ကင်းပတ်ထွက်လာတဲ့ ALPHARD နဲ့ PRADO ကား ၂ စီး အင်အား ၁၃ ဦးလိုက်လာတဲ့ စစ်ကောင်စီလက်အောက်ခံရဲတွေကို ဗိုလ်တေဇလမ်း ကြယ်စင် မင်းဆီဆိုင်အနီးအရောက် အသင့်စောင့်ဆိုင်းနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပျောက်ကြားတိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကောင်စီ လက်အောက်ခံရဲ ၁၀ ဉီးသေဆုံးပြီး ၂ ဉီး ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုအပြီး လက်နက်များ ကောက်ယူဖို့ ကြိုးစားခဲ့ပေ မယ့် စစ်ကောင်စီတပ်သားတွေ ထပ်မံရောက်ရှိလာတဲ့အတွက် အပြန်အလှန် ပစ်ခတ်မှု ၅ မိနစ်ကြာ ဖြစ်ပွားခဲ့ပြီး ပြည်သူ့ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာပေးခဲ့တယ်လို့ သိရပါတယ်။

အထက်ပါတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် (၁) တပ်ရင်း၊ မုံရွာ ခရိုင်အမှတ် (၂၃) အမဲလိုက်သိန်းငှက်တပ်ရင်း နှင့် မုံရွာ ခရိုင် အမှတ် (၂၂) နတ်ဆိုးတပ်ရင်းမှ ရဲဘော်များ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *