ကြောက်ကြောက်နဲ့ ဟန်ရေးပြနေကြပြီ

ဂန့်ဂေါမြို့မှာ စစ်တပ်က သံချပ်ကာကားတွေနဲ့ အင်အားပြဇန်နဝါရီ-၂၄မကွေးတိုင်း၊ ဂန့်ဂေါမြို့မှာ စစ်တပ်၊ ရဲနဲ့ ပျူစောထီးတွေပေါင်းပြီး သံချပ်ကာကား၂စီးနဲ့အတူ မြို့ထဲမှာ အင်အားပြခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။”မြို့ပေါ်မှာ အင်အားပြကြတယ်လို့ပြောတယ် လမ်းလျှောက်ပြီးတော့ လမ်းတွေပိတ်ပြီးတော့ ကားတွေဆိုင်ကယ်တွေလဲ တစ်စီးမှပေးမဖြတ်ဘူး”လို့ ဒေသခံတစ်ဦးက မောင်းကို ပြောပါတယ်။စစ်တပ်ရဲ့ ခြေလျင်တပ်ရင်း ခလရ၅၀နဲ့ မြို့မရဲစခန်းက စစ်သားတွေအပါအဝင် ပျူစောထီးအရေအတွက် တစ်ရာကျော်နဲ့အတူ ဗိုလ်ချုပ်လမ်းကနေတစ်ဆင့် မနေ့ ဇန်နဝါရီ၂၃ရက်မှာ မြို့ထဲအင်အားပြခဲ့တာလို့ သိရပါတယ်။ဂန့်ဂေါမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လာရောက်တိုက်ခိုက်မှာကို စိုးရိမ်တာကြောင့် ခုလို အင်အားပြသနေတာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “မြို့သိမ်းတိုက်ပွဲတွေ များလာတော့ သူတို့ကိုလည်း PDFတွေ လာတိုက်ပြီး မြို့သိမ်းမှာကြောက်လို့ အင်အားပြနေကြတာ”လို့ သူကဆိုပါတယ်။ယခုလက်ရှိမှာလည်း စစ်တပ်က ဂန့်ဂေါမြို့မှာ လုံခြုံရေးတွေ တင်းကျပ်ထားတယ်လို့ သိရပါတယ်။ဓာတ်ပုံ-ယောအလင်းတန်း

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *