ဗိုလ်ချုပ်သားလို့ပြောရမှာတောင်ရှက်ဖို့ကောင်းလိုက်တာ

ဒေါ်အောင်ဆန်းစုကြည် ၏ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို ဦးအောင်ဆန်းဦး ခေါ်သည့် လေလံ ကြမ်းခင်းစျေးအတိုင်း ကမာရွတ်ခရိုင် တရား ရုံးက အတည်ပြုပေးပြီးနောက် လေလံပစ်ရန် ကြော်ငြာတော့မည်

ရန်ကုန်၊ ဇန်နဝါရီ ၂၆

ဒေါ်အောင်ဆန်းစုကြည် နေထိုင်နေသော ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို ဦးအောင်ဆန်းဦးက တင်ပြသည့် အမေရိကန်ဒေါ်လာ သန်း ၉၀ လေလံ ကြမ်းခင်းစျေး စစ်ကောင်စီ တရား ရုံးက သတ်မှတ်အတည်ပြုပြီးနောက် လေလံပစ်ရန် သတင်းစာတွင် ထည့်သွင်းကြော်ငြာမည်ဖြစ်ကြောင်း သိရှိရသည်။

ဒေါ်ခင်ကြည် အမည်ပေါက်ထားသော အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ် ကို အမွေဆိုင်အဖြစ် အမွေခွဲလိုသော ဦးအောင်ဆန်းဦးကို အမွေမှုတွင် စစ်ကောင်စီတရားရုံးက အနိုင်ပေးခဲ့ပြီးနောက် ၎င်းတောင်း ဆိုသည့်အတိုင်း အမေရိကန်ဒေါ်လာ သန်း ၉၀ ‌ (မြန်မာကျပ်ငွေ သိန်းပေါင်း ၃,၁၅၀,၀၀၀ ) ကြမ်းခင်း စျေးသတ်မှတ်လိုက်ကြောင်း ၊ လာမည့် မတ်လ ၂၀ ရက်နေ့တွင် လေလံ တင် မည်ဖြစ်ကြောင်း သိရှိရသည်။

ဦးအောင်ဆန်းဦးက ဇန်နဝါရီလ ၂ ရက်နေ့တွင် လေလံကြမ်းခင်းစျေးသတ်မှတ် ရန် တရားရုံးသို့ တင်ပြခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၂၅ ရက်နေ့တွင် စစ်ကောင်စီ ၏ ကမာရွတ်ခရိုင်တရားရုံးက အတည်ပြုခြင်းဖြစ်ကြောင်း၊ စစ်အစိုးရ၏ နေ့စဉ်ထုတ် သတင်းစာတွင် ကြော်ငြာပြီးနောက် လာမည့် မတ်လ ၂၀ ရက်နေ့ ယင်းနေအိမ်တွင် အိမ်ကို လေလံတင်မည်ဖြစ်ကြောင်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် ၏ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို ဦးအောင်ဆန်းဦး ခေါ်သည့် လေလံ ကြမ်းခင်းဈေးအတိုင်း ကမာရွတ်ခရိုင် တရား ရုံးက အတည်ပြုပေးပြီးနောက် လေလံပစ်ရန် ကြော်ငြာတော့မည်
ရန်ကုန်၊ ဇန်နဝါရီ ၂၆
ဒေါ်အောင်ဆန်းစုကြည် နေထိုင်နေသော ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို ဦးအောင်ဆန်းဦးက တင်ပြသည့် အမေရိကန်ဒေါ်လာ သန်း ၉၀ လေလံ ကြမ်းခင်းဈေး စစ်ကောင်စီ တရား ရုံးက သတ်မှတ်အတည်ပြုပြီးနောက် လေလံပစ်ရန် သတင်းစာတွင် ထည့်သွင်းကြော်ငြာမည်ဖြစ်ကြောင်း သိရှိရသည်။
ဒေါ်ခင်ကြည် အမည်ပေါက်ထားသော အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ် ကို အမွေဆိုင်အဖြစ် အမွေခွဲလိုသော ဦးအောင်ဆန်းဦးကို အမွေမှုတွင် စစ်ကောင်စီတရားရုံးက အနိုင်ပေးခဲ့ပြီးနောက် ၎င်းတောင်း ဆိုသည့်အတိုင်း အမေရိကန်ဒေါ်လာ သန်း ၉၀ ‌ (မြန်မာကျပ်ငွေ သိန်းပေါင်း ၃,၁၅၀,၀၀၀ ) ကြမ်းခင်း ဈေးသတ်မှတ်လိုက်ကြောင်း ၊ လာမည့် မတ်လ ၂၀ ရက်နေ့တွင် လေလံ တင် မည်ဖြစ်ကြောင်း သိရှိရသည်။
ဦးအောင်ဆန်းဦးက ဇန်နဝါရီလ ၂ ရက်နေ့တွင် လေလံကြမ်းခင်းဈေးသတ်မှတ် ရန် တရားရုံးသို့ တင်ပြခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၂၅ ရက်နေ့တွင် စစ်ကောင်စီ ၏ ကမာရွတ်ခရိုင်တရားရုံးက အတည်ပြုခြင်းဖြစ်ကြောင်း၊ စစ်အစိုးရ၏ နေ့စဉ်ထုတ် သတင်းစာတွင် ကြော်ငြာပြီးနောက် လာမည့် မတ်လ ၂၀ ရက်နေ့ ယင်းနေအိမ်တွင် အိမ်ကို လေလံတင်မည်ဖြစ်ကြောင်း သိရှိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*