ဘတ်ဂျတ်လိုရင် အရိုးကျွေးတဲ့အဘဆီတောင်းလေ

PDF များကို တိုက်ခိုက်ရေး ဒရုန်းဝယ်ယူရန် ရေနံချောင်းမြို့မရဲစခန်းက ပြည်သူများထံ ငွေကြေး ခြိမ်းခြောက်တောင်း

ရန်ကုန်၊ ဇန်နဝါရီ ၂၆

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ မြို့မရဲစခန်းက PDF များကို တိုက်ခိုက်နိုင် ရေးအတွက် ဒရုန်းဝယ်ယူရန် ပြည်သူများထံမှ ငွေကြေးခြိမ်းခြောက်တောင်း ခံနေကြောင်း မြို့နေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့တွင် မကွေးမြို့မရဲစခန်းက ရေနံချောင်းမြို့ပေါ်ရှိ ပစ္စည်းအဟောင်းရောင်းဝယ်ရေးသမားများကို အစည်းအဝေးတစ်ရပ်ခေါ်ယူပြီး PDF တပ်များကို တိုက်ခိုက်ရန်အတွက် ဒရုန်းဝယ်ယူမည်ဖြစ်ကြောင်း၊ ထို့ ကြောင့် ဒရုန်းဝယ်ယူနိုင်ရေးအတွက် ဘတ်ဂျက်မရှိသဖြင့် အလှူငွေ ထည့်ဝင် ကြရန် ငွေကြေး ခြိမ်းခြောက်တောင်းခံကြောင်း သိရှိရသည်။

“ရေနံချောင်းမြို့ပေါ်က မြို့မရဲစခန်းက မနေ့က အဟောင်းရောင်း ဝယ်ရေး သမားတွေကိုအစည်းဝေးခေါ်တယ်။ ခေါ်ရတဲ့အကြောင်းအရင်းက ရဲစခန်းမှာ တိုက်ခိုက်ရေး ဒရုန်းဝယ်ချင်တယ်။ လုပ်ငန်းရှင်တစ်ဦးကို ၁ သိန်းကောက်ခံ ပါတယ်။ တချို့ကတော့ ငွေကြေး မတတ်နိုင်တော့ ၅သောင်းထည့်ရတယ်။ အဲဒီမှာ ရွှေကြာငုံရပ်မှာရှိတဲ့ ဒေါ်ဝင်းအဟောင်းရောင်းဝယ်ရေးက ဒေါ်ဝင်း သမီးက ရဲတွေကို ပိုပြီးထောက်ခံကြောင်းပြချင်တော့ ငွေ ၂ သိန်းထည့် သွားတယ်” ဟု မြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ရေနံချောင်းရဲစခန်း ဝယ်ယူမည့် ဒရုန်းသည် သိန်း ၁၀၀ ကျော်တန်ကြေးရှိပြီး လာမည့် ရက်အနည်းငယ်အတွင်း ရေနံချောင်းမြို့ပေါ်ရှိ စျေးဆိုင်များအား လုံးကို ငွေကြေးကောက်ခံမည်ဟု ရဲစခန်းက တရားဝင် ပြောဆိုကြောင်း သိရှိရသည်။

“ပြည်သူတွေက စီးပွားရေးတွေ အဆင်မပြေရတဲ့အချိန်မှာ ငွေကြေးကို ခြိမ်းခြောက်ပြီး မတရားကောက်ခံနေပါတယ်။ ပြည့်သူတွေကိုနည်းမျိုးစုံ‌နဲ့ ဒုက္ခပေး နေပါတယ်။ ဒရုန်းဝယ်ဖို့ဆိုပြီး အကြောင်းပြပေမယ့် ဘယ်လောက် ဖြတ် စား လာဘ်စား လုပ်ဦးမလဲမသိ” ဟု ရေနံချောင်းမှ စျေးဆိုင်ပိုင်ရှင် တစ်ဦးက ရှင်းပြသည်။

PDF မ်ားကို တိုက္ခိုက္ေရး ဒ႐ုန္းဝယ္ယူရန္ ေရနံေခ်ာင္းၿမိဳ႕မရဲစခန္းက ျပည္သူမ်ားထံ ေငြေၾကး ၿခိမ္းေျခာက္ေတာင္း
ရန္ကုန္၊ ဇန္နဝါရီ ၂၆
မေကြးတိုင္း၊ ေရနံေခ်ာင္းၿမိဳ႕နယ္၊ ၿမိဳ႕မရဲစခန္းက PDF မ်ားကို တိုက္ခိုက္ႏိုင္ ေရးအတြက္ ဒ႐ုန္းဝယ္ယူရန္ ျပည္သူမ်ားထံမွ ေငြေၾကးၿခိမ္းေျခာက္ေတာင္း ခံေနေၾကာင္း ၿမိဳ႕ေနျပည္သူမ်ားက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုၾကသည္။
ဇန္နဝါရီလ ၂၅ ရက္ေန႔တြင္ မေကြးၿမိဳ႕မရဲစခန္းက ေရနံေခ်ာင္းၿမိဳ႕ေပၚရွိ ပစၥည္းအေဟာင္းေရာင္းဝယ္ေရးသမားမ်ားကို အစည္းအေဝးတစ္ရပ္ေခၚယူၿပီး PDF တပ္မ်ားကို တိုက္ခိုက္ရန္အတြက္ ဒ႐ုန္းဝယ္ယူမည္ျဖစ္ေၾကာင္း၊ ထို႔ ေၾကာင့္ ဒ႐ုန္းဝယ္ယူႏိုင္ေရးအတြက္ ဘတ္ဂ်က္မရွိသျဖင့္ အလႉေငြ ထည့္ဝင္ ၾကရန္ ေငြေၾကး ၿခိမ္းေျခာက္ေတာင္းခံေၾကာင္း သိရွိရသည္။
“ေရနံေခ်ာင္းၿမိဳ႕ေပၚက ၿမိဳ႕မရဲစခန္းက မေန႔က အေဟာင္းေရာင္း ဝယ္ေရး သမားေတြကိုအစည္းေဝးေခၚတယ္။ ေခၚရတဲ့အေၾကာင္းအရင္းက ရဲစခန္းမွာ တိုက္ခိုက္ေရး ဒ႐ုန္းဝယ္ခ်င္တယ္။ လုပ္ငန္းရွင္တစ္ဦးကို ၁ သိန္းေကာက္ခံ ပါတယ္။ တခ်ိဳ႕ကေတာ့ ေငြေၾကး မတတ္ႏိုင္ေတာ့ ၅ေသာင္းထည့္ရတယ္။ အဲဒီမွာ ေ႐ႊၾကာငုံရပ္မွာရွိတဲ့ ေဒၚဝင္းအေဟာင္းေရာင္းဝယ္ေရးက ေဒၚဝင္း သမီးက ရဲေတြကို ပိုၿပီးေထာက္ခံေၾကာင္းျပခ်င္ေတာ့ ေငြ ၂ သိန္းထည့္ သြားတယ္” ဟု ၿမိဳ႕မွ ျပည္သူတစ္ဦးက ေျပာဆိုသည္။
ေရနံေခ်ာင္းရဲစခန္း ဝယ္ယူမည့္ ဒ႐ုန္းသည္ သိန္း ၁၀၀ ေက်ာ္တန္ေၾကးရွိၿပီး လာမည့္ ရက္အနည္းငယ္အတြင္း ေရနံေခ်ာင္းၿမိဳ႕ေပၚရွိ ေစ်းဆိုင္မ်ားအား လုံးကို ေငြေၾကးေကာက္ခံမည္ဟု ရဲစခန္းက တရားဝင္ ေျပာဆိုေၾကာင္း သိရွိရသည္။
“ျပည္သူေတြက စီးပြားေရးေတြ အဆင္မေျပရတဲ့အခ်ိန္မွာ ေငြေၾကးကို ၿခိမ္းေျခာက္ၿပီး မတရားေကာက္ခံေနပါတယ္။ ျပည့္သူေတြကိုနည္းမ်ိဳးစုံ‌နဲ႔ ဒုကၡေပး ေနပါတယ္။ ဒ႐ုန္းဝယ္ဖို႔ဆိုၿပီး အေၾကာင္းျပေပမယ့္ ဘယ္ေလာက္ ျဖတ္ စား လာဘ္စား လုပ္ဦးမလဲမသိ” ဟု ေရနံေခ်ာင္းမွ ေစ်းဆိုင္ပိုင္ရွင္ တစ္ဦးက ရွင္းျပသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *