နဂါးမလေးလွတ်လာဘီဗျို့

မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံထားရသော အေမီဈာန်အပါအဝင် ၃ ဦး ပြန်လည် လွတ်မြောက်လာပြီး ဖူးပွင့်ခိုင်ကို ဆက်လက် ဖမ်းဆီးထား ရန်ကုန်၊ ဇန်နဝါရီ ၂၅ မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံထားရသည့် အေမီဈာန်အပါအဝင် ၃ ဦး ပြန်လည် လွတ်မြောက်လာပြီး ဖူးပွင့်ခိုင်ကို ဆက်လက် ဖမ်းဆီးထားကြောင်း မလေးရှားရောက်မြန်မာ အသိုင်းအဝိုင်းက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် အေမီဈာန် အပါအဝင် ၃ ဦး ပြန်လည် လွတ်မြောက်လာကာ ကွာလာလမ်ပူမြို့သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း၊ ဖူးပွင့်ခိုင်နှင့် အခြားသူများ မလွတ်မြောက်သေးဘဲ ဆက်လက် ဖမ်းဆီး ချုပ်နှောင်ခံထားရပြီး ဖူးပွင့်ခိုင်သည် မလေးရှားရဲ၏ ဆေးစစ်ဆေးချက်အရ ဆေးကျထားသူဖြစ်ကြောင်း သိရသည်။“အေမီဈာန်နဲ့ အတူ သုံးယောက်တော့ပြန်လွတ်လာပြီ ၊ ဖူးပွင့်ခိုင်ကိုတော့ ဆက်ပြီး ချုပ်ထားတုံးပဲ။ သူက ဆေးလဲကျထားတော့ တခြားအမှု ရှိသေးလားမပြောတက်ဘူး။ အေမီဈာန်ကတော့ ကျန်းမာ ရေးလဲ ကောင်းပါတယ်။ တည်တည်ငြိမ်ငြိမ်ပါပဲ ၊ ကာလာလမ်ပူကို ပြန်ပို့လိုက်ပြီလို့ သိရတယ်” ဟု မလေးရှားရောက်မြန်မာတစ်ဦးက ပြောကြားသည်။ဇန်နဝါရီလ ၁၃ ရက် ညပိုင်းက မလေးရှားနိုင်ငံ၊ ပီနန်ပြည်နယ်၊ ဘာတာဝပ်မြို့ရှိ Royce Luxury Night Club တွင် မွေးနေ့ပွဲရှိုးပွဲကျင်းပနေစဉ် မလေးရှားနိုင်ငံသားများ၏ တိုင်တန်းချက်အရ မလေး ရှားရဲတပ်ဖွဲ့က အေမီဈာန်၊ ဖူးပွင့်ခိုင်တို့အပါအဝင် မြန်မာနိုင်ငံသား ၅၂ ဦးကို ဘာတာဝပ်မြို့ ရဲစခန်း ၌ ဖမ်းဆီး စစ်ဆေး နေခြင်းဖြစ်ကြောင်း သိရသည်။မလေးရှားနိုင်ငံအတွင် အော်ပရာဇီ အဖမ်းအစီးများကြမ်းနေချိန်တွင် ရှိုးပွဲများပြုလုပ်ရန် စီစဉ် ခဲ့ခြင်း ကြောင့် ယခုကဲ့သို့ အဖမ်းရခြင်းဖြစ်သည်ဟု မလေးရှားရောက် မြန်မာနိုင်ငံသားများက လူမှုကွန် ယက် စာမျက်နှာများတွင် မှတ်ချက်ပေး ဝေဖန်မှုများရှိကြောင်း၊ အေမီဈာနှင့် ဖူးပွင့်ခိုင်တို့၏ ရှိုးပွဲ သည် မလေးရှားနိုင်ငံမြို့ကြီးများတွင် ဖျော်ဖြေရန် ကြော်ငြာခဲ့ခြင်းဖြစ်ပြီး ဘာတာဝပ်မြို့ ဖျော်ဖြေ ပွဲတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *