အန်စီအေလည်းဘာမှမတတ်နိုင်ဘူး ပွဲကပိုလှလာဘီ

ဘဝတူညီ​နောင်မဟာမိတ်များနှင်အတူ စစ်​ကောင်စီကိုတိုက်ခိုက်မည်ဟု PNLO တရားဝင်​ကြေညာ-People’s Spring NCA လက်မှတ်​ရေးထိုးထား​သော ပအိုဝ်းအမျိုးသားလွတ်​မြောက်​ရေးအဖွဲ့ချုပ် (PNLO) က စစ်​ကောင်စီကို တိုက်ခိုက်မည်ဖြစ်​ကြောင်းယ​နေ့ (ဇန်နဝါရီ ၂၆) ညတွင်တရားဝင်ထုတ်ပြန်လိုက်သည်။စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ပြည်သူလူထုတစ်ရပ်လုံးလိုလား​တောင့်တလျက်ရှိ​သော ဖက်ဒရယ် ဒီမိုက​ရေစီစနစ်ကို​ဖော်​ဆောင်နိုင်သည်အထိဘဝတူညီနောင်မဟာမိတ်များနှင့်အတူ ဆင်နွဲသွားမည်ဟု အချက် ၅ ချက်ပါဝင်​သောထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။ထို့အပြင် “လက်ရှိစစ်​ရေး ပဋိပက္ခတွင် ပအိုဝ်းအမျိုးသားအချင်းချင်း အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခြင်းကိုပြုလုပ်မည်မဟုတ်ပါ။စစ်​ကောင်စီ၏ စီမံခန့်ခွဲမှု​အောက်တွင် ရပ်တည်​နေ​သော ပအိုဝ်အမည်ခံ လက်နက်ကိုင်တပ်ဖွဲ့အ​နေဖြင့် အမျိုးသားလွတ်​မြောက်​ရေးလမ်း​ကြောင်း​ပေါ်သို့ ကူး​ပြောင်းရပ်တည်သွားရန် ​လေးနက်စွာတိုက်တွန်းလိုပါသည်”ဟု စစ်​ကောင်စီ​၏ ပြည်သူ့စစ်ဖြစ်​နေ​သော ဦး​အောင်ခမ်းထီး၏ PNO ကိုအမည်မ​ဖော်ပြ​သော်လည်း ပြည်သူ့ဘက်ရပ်တည်ရန်တိုက်တွန်းထားသည်။ကြေညာချက်အပြည့်အစုံကို​အောက်တွင်ဆက်လက်ဖတ်ရှုနိုင်ပါသည်။PNLO/PNLA နှင့်မဟာမိတ်​တော်လှန်​ရေးတပ်ဖွဲ့များက ဇန်နဝါရီ ၂၄ ရက်မှစ၍ ဆီဆိုင်မြို့ရှိစစ်​ကောင်စီတပ်စခန်းများကိုတိုက်ခိုက်သိမ်းပိုက်ပြီး မြို့ကိုထိန်းချုပ်ထားသည်။စစ်တပ်က​လေ​ကြောင်းမှဗုံးကြဲပြီးတိုက်ပွဲများအပြင်းအထန်ဖြစ်ပွား​နေသည်။စစ်အုပ်စုအာဏာသိမ်းပြီး​နောက် NCA လက်မှတ်​ရေးထိုးထားပြီးစစ်​ကောင်စီနှင့် ဆက်လက်​ဆွေး​နွေး​နေ​သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့- PPST ၇ ဖွဲ့ရှိရာ ၊PNLO စစ်တပ်နှင့် NCA ​ဆွေး​နွေးဖက်ထဲမှ စစ်​ကောင်စီကိုပထမဆုံး​တော်လှန်တိုကိခိုက်​သောအဖွဲ့ဖြစ်လာသည်။လက်ကျန် PPST တွင်ပါဝင်​သောအဖွဲ့များတွင် RCSS/SSA တစ်ဖွဲ့သာအင်အားအသင့်အတင့်ရှိပြီးကျန်အဖွဲ့များမှာအင်အားအနည်းငယ်သာရှိသည်။​(PNLO ၏ ​ကြေညာချက်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *