မြေပုံမြို့ရှိ စစ်ကောင်စီတပ်သားတွေက ဟောင်ဝပ်ဇာအမြောက်နဲ့ လက်နက်ခဲယမ်းများကို မီးရှို့ဖျက်ဆီးပြီး ဗျူဟာကုန်းကို စွန့်ခွာထွက်ပြေး (ရုပ်/သံ)
ဇန်နဝါရီ ၂၇ ရက်
ရခိုင်ပြည်နယ် မြေပုံမြို့နယ်အတွင်းရှိ ဗျူဟာကုန်းပေါ်ရှိ ဟောင်ဝပ်ဇာအမြောက်နဲ့ လက်နက်ခဲယမ်းများကို မီးရှို့ဖျက်ဆီးပြီး စစ်သင်္ဘောနှစ်စီးနဲ့ စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားကြ တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်အသိပေးလိုက်ပါတယ်။
ဇန်နဝါရီလ ၂၆ ရက်နေ့က မြေပုံမြို့နယ်အတွင်းရှိ ဗျူဟာကုန်းကို စစ်ကောင်စီတပ်သားတွေက စွန့်ခွာသွားပြီး စစ်သင်္ဘောနှစ်စီးနဲ့ ထွက်ပြေးသွားရာ ရက္ခိုင့်တပ်တော် – AA က လိုက်လံတိုက် ခိုက်ခဲ့ရှိတယ်လို့ သိရပါတယ်။