မနက်ခင်းမဂ်လာရှိလိုက်တာ အဖိုးတန်မော်ချီးမြို့ကိုရလိုက်ဘီ

ကရင်နီပြည်ရှိ အဖိုးတန်သတ္တုများ ထွက်ရှိရာ သတ္တုမြို့တော် မော်ချီးမြို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်

ရန်ကုန်၊ ဇန်နဝါရီ ၂၈

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်ရှိ ခဲမဖြူ၊ အဖြိုက်နက်၊ ခနောက်စိမ်း စသော အဖိုးတန် သတ္တုများထွက်ရှိရာ သတ္တုတွင်းမြို့တော် မော်ချီးမြို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း တော်လှန်ရေး သတင်း ရင်းမြစ်တချို့ထံမှ သိရှိရသည်။

ကရင်နီနှင့် ကရင်ပြည်နယ် အစပ်တွင်ရှိသော မော်ချီးမြို့ရှိ စစ်တပ် စခန်း ၂ ခုဖြစ်သော တောင်ပေါ်ကျောက်ကြားစခန်းနှင့် မြို့အဝင် အမှတ် ၂ စခန်းတို့ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ရာ မော်ချီးမြို့တွင် စစ်တပ် တပ်စခန်း လုံး၀ မရှိတော့ကြောင်း သိရှိရသည်။

“ကရင်နဲ့ကရင်နီအစပ်မှာ ရှိနေတာ မော်ချီးက။ ရှိနေတဲ့ တပ်စခန်းတွေပြန်ရုပ်သိမ်းသွားတာရယ်၊ တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာရယ်မှာ စစ်တပ်စခန်းကြီး ၂ ခု ပဲကျန်တော့တာ။ မနေ့(ဇန်နဝါရီလ ၂၇ ရက်နေ့) က အပြီးသတ်သိမ်းတယ်။ စစ်ကောင်စီတပ်စခန်းတွေကို နယ်မြေရှင်းလင်းလုပ်နေတာရှိပါတယ်။ စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားကြတာလည်းရှိပါတယ်။ အသေးစိတ်ကတော့ တရားဝင်သတင်းထုတ်ပြန်ပါလိမ့်မယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မော်ချီးမြို့သည် ကယားပြည်နယ် ဘောလခဲနယ်၏ တောင်ဘက်စွန်းတွင် တည်ရှိပြီး သတ္တုတွင်းမြို့တော်အဖြစ် ထင်ရှားသည်။ မော်ချီးမြို့သည် လွိုင်ကော်မြို့၏ တောင်ဘက် ၉၃ မိုင် အကွာ ပင်လယ်ရေမျက်နှာပြင်ထက် ပေ ၄,ဝဝဝ ကျော်မြင့်သော အရပ်တွင် တည်ရှိ၍၊ ခဲမဖြူ၊ အဖြိုက်နက်၊ ခနောက်စိမ်း စသော အဖိုးတန် သတ္တုများထွက်ရှိကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *