မန္တလေးမြို့ကြီးရယ်ဘာတွေဖြစ်နေပြီလဲ

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနေတဲ့ အမျိုးသားကို လူလေးဦးက နေ့ခင်းကြောင်တောင် ဓားနဲ့ခုတ်၊ ဆိုင်ကယ် လုယက်ဇန်နဝါရီ – ၂၉မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ (၁၂)လမ်းနဲ့ (၈၇)လမ်းအနီးမှာ ဆိုင်ကယ်စီး သွားလာနေတဲ့ အမျိုးသား တစ်ဦးကို ဓားကိုင်ထားသူ အမျိုးသားလေးဦးက ဓားနဲ့ခုတ်ကာ ဆိုင်ကယ်လုယက်မှု ဒီနေ့ နေ့လည် (၁)နာရီကျော်က ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။ဓားနဲ့ခုတ်ခံရတဲ့ အမျိုးသားအနေနဲ့ အသက်လုထွက်ပြေးကာ အနီးက အိမ်တစ်အိမ်ထဲ ဝင်ပုန်းနိုင်ခဲ့လို့ အသက်ဘေးက လွတ်မြောက်ပေမယ့် လည်ပင်းမှာ ဒဏ်ရာရသလို ဆိုင်ကယ်လည်း ဆုံးရှုံးသွားတယ်လို့ ဒဏ်ရာရ လူနာကို ကူညီကယ်ဆယ်ခဲ့တဲ့ လူမှုကူညီရေးအသင်းက ဆိုပါတယ်။“ဇန်နဝါရီ(၂၉)ရက် နေ့လည်(၁)နာရီခွဲချိန် အကူအညီ တောင်းခံချက်အရ အောင်မြေသာစံမြို့နယ်၊ (၈၇)လမ်း၊ (၁၂)လမ်းနဲ့ (၁၄)လမ်းကြား၊ ၎င်း နေရာတွင် အမျိုးသားတစ်ဦး ဆိုင်ကယ် စီးလာစဉ် အမည်မသိ အမျိူးသား လေးဦးမှ ဓါးများ ကိုင်ဆောင်ပြီး ဆိုင်ကယ်လုရာ လည်ပင်းပြတ်ရှ (မစိုးရိန်ရ) ဒဏ်ရာဖြင့် အသက်လု၍ ဝင်းတခါး ဖွင့်ထားသော အိမ်အတွင်း ဝင်ရောက်ခိုလှုံစဉ် ဓါးကိုင်ဆောင် အမျိုးသားလေးဦး ဆိုင်ကယ် မောင်းနှင် ထွက်ပြေးလွတ်မြောက်၊ အကြောင်ရိုက်ခံရသော ပါတ်ဝန်းကျင်၊ နီးစပ်ရာ ပါတ်ဝန်းကျင်မှ ကူညီရန် ရှိနေသော်လည်း ဓါးကိုင်ဆောင်သူများမှ ခင်္ဗျားတို့ ဘာသိလို့လဲ အချင်းချင်းပြဿနာ ဖြစ်ဟန်ဆောင်၊ ဒဏ်ရာရ အမျိုးသားအား ပြုစုပေးပြီး မန္တလေး ဆေးရုံကြီး (OPD)အရေးပေါ်ဌာနသို့ ပို့ဆောင်ကူညီ” လို့ ကူညီခဲ့တဲ့ အသင်းက ဖော်ပြပါတယ်။မန္တလေးမြို့တွင်း နေရာအနှံ့မှာ စစ်အုပ်စုက ဂိတ်တွေဖွင့်၊ အုပ်စုဖွဲ့ လက်နက်ကိုင်ပြီး လမ်းပေါ်တက်ကာ လမ်းသွားလမ်းလာ ပြည်သူတွေကို လက်နက်ပြ မိုက်ကြေးခွဲ၊ ဖမ်းဆီးငွေညှစ်တာတွေ နေ့စဉ် လုပ်ဆောင်နေသလို စစ်အုပ်စုနဲ့အပြိုင် လုယက်မှု၊ ခိုးမှုတွေလည်း မြို့အနှံ့ ဖြစ်ပွားနေပါတယ်။ဇန်နဝါရီ (၁၉)ရက်ကလည်း မန္တလေးမြို့၊ (၈၄)လမ်း၊ ရွာဟိုင်းစျေးခေါ် မန်းမြို့စျေးထိပ်က ရွှေဆိုင် ဓားပြတိုက် ခံရပြီး ရွှေနှစ်ပိဿာနဲ့ ငွေကျပ်သိန်း(၂၀၀)ကျော် ပါသွားခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုက နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေထဲက ခိုး၊ဆိုး၊ လု၊ နှိုက်၊ လူသတ်၊ ဓားပြ၊ မုဒိန်း စတဲ့ ရာဇဝတ်မှုနဲ့ ဖမ်းဆီး ထောင်ချခံထားရတဲ့ သောင်းချီတဲ့ ရာဇဝတ် အကျဉ်းသားတွေကို ထောင်က ပြန်လွှတ်ပေးထားပါတယ်။မန္တလေးမြို့မှာ စစ်အာဏာသိမ်းပြီးနောက် ဓားပြမှု၊ လုယက်မှု၊ လူသတ်မှု စတဲ့ ရာဇဝတ်မှုတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်အုပ်စုက ကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူတာ မရှိသလောက် အားနည်းတယ်လို့ မြို့ခံတွေက ဆိုပါတယ်။မန္တလေးမှာ နေ့ခင်းကြောင်တောင် ဓားနဲ့ခုတ်၊ ဆိုင်ကယ်လုယက်ခံရလို့ ဒဏ်ရာရသူကို ကူညီနေစဉ်/Photo – CJ

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *