ခမရ၃၈၀ ၅၄၁ ၃၇၉ဆို့အောက်

ရက္ခိုင့်တပ်တော်က မင်းပြား ၃၇၉ တပ်ရင်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်၊ တပ်ရင်းမှူး ကျဆုံးပြီး အရှင် ၅၃ ယောက်ဖမ်းမိဟု သတင်းများထွက်ပေါ်နိရဉ္စရာ၊ ဇန်နဝါရီ ၂၉/ ၂၀၂၄မင်းပြားမြို့တွင် ကျန်ရှိနေသည့် တပ်ရင်း (၂) ရင်းအနက် ခမရ (၃၇၉) တပ်ရင်းကို ရက္ခိုင့်တပ်တော် ( AA) က ယနေ့ ဝင်ရောက် စီးနင်းတိုက်ခိုက်စဉ် (၃၇၉) တပ်ရင်းမှူးကျဆုံးပြီး ဒဏ်ရာများဖြင့် အရှင် ၅၃ ဦး ဖမ်းမိသည်ဟု တပ်တော်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုအရ သိရှိရသည်။၎င်းတပ်ရင်းတွင် စစ်ကောင်စီတပ်ဖွဲ့များသည် တောင်ကို ဂူခေါင်းဖောက်ပြီး ထိုအထဲမှ ခုခံကာကွယ်နေကြသည်ကို ရက္ခိုင့်တပ်တော် (သီမထူးရှင်မထူး) အထူး ကွန်မန်ဒိုတပ်ဖွဲ့ဝင်များက ဝင်ရောက် စီးနင်းကျားထိုး တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ “ အဲဒီတပ်ရင်းမှာ တောင်ကို ဖောက်ထားတဲ့ ဂူခေါင်း ၂ ခုရှိတယ်လို့ သိရပါတယ်။ တစ်ခုကို ကျားထိုးရာမှာ တပ်ရင်းမှူးနဲ့ စစ်သားတွေအများအပြားသေတယ်။ အရှင် ၅၃ ယောက်ကို ဒဏ်ရာတွေနဲ့ ဖမ်းမိတယ်။ အဲဒီအထဲမှာ စစ်တွေဇာတိ အရာရှိတစ်ဦးလည်း ဖမ်းမိတယ်လို့ သိရပါတယ်” ဟု ၎င်းက ပြောဆိုသည်။လက်ရှိတိုက်ပွဲတွင် ဖမ်းမိသည့် စစ်သားများကို မျက်နှာဖုံးစွပ်ကာ ပြင်ပသို့ ခေါ်ထုတ်သွားပြီဖြစ်ကြောင်း မျက်မြင်တစ်ဦးကလည်း နိရဉ္စရာသတင်းဌာနကို ပြောကြားသည်။နောက်ထပ် ဂူခေါင်းတစ်ခု ကျန်ရှိနေသေးပြီး ၎င်းဂူခေါင်းတွင်လည်း အရာရှိကြီးများ ခိုအောင်းနေသည်ဟု သိရသည်။ ၎င်းအရာရှိကြီးများအထဲတွင် မြန်မာစစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ယောက်ဖအရင်းဖြစ်သူ တစ်ဦးလည်း ပါဝင်နေသဖြင့် မင်းပြားတိုက်ပွဲတွင် ကြည်း၊ရေ၊လေဖြင့် အသည်းအသည်ခုခံကာကွယ် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်ဟု ဒေသတွင်းသတင်းရစ်မြစ်တစ်ခုက ပြောကြားသည်။အဆိုပါ သတင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်မေးမြန်း၍ မရရှိသေးသဖြင့် နိရဉ္စရာသတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။ မင်းပြားတိုက်ပွဲနှင့် ပတ်သက်ပြီး ဒေသခံ လူမှုရေးလှုပ်ရှားတက်ကြွသူတစ်ဦးကလည်း ၃၇၉ တပ်ရင်းမှူးကျဆုံးပြီး စစ်သား ၅၀ ကျော်ကို ဒဏ်ရာများဖြင့် ဖမ်းမိသည်ဟု သတင်းထွက်နေကြောင်း ပြောကြားသည်။ မင်းပြားမြို့သို့ ယနေ့ နေ့လယ် ၂ နာရီကျော်က လေယာဉ်ဖြင့် နှစ်ကြိမ်လာရောက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောကြားသည်။မင်းပြားမြို့တွင် စစ်ကောင်စီတပ်ရင်း ၃ ရင်းများဖြစ်ကြသည့် ခမရ (၃၈၀)၊ ခမရ (၃၇၉) နှင့် ခမရ (၅၄၁)တို့ တည်ရှိပြီး ခမရ (၃၈၀) ကို ဇန်နဝါရီ ၂၈ ရက်နေ့က ရက္ခိုင့်တပ်တော်က အပြီးသတ် တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ယမန်နေ့ သတင်းထုတ်ပြန်ရာတွင် ဖော်ပြထားသည်။ နောက်ဆုံး ရရှိသည့်သတင်းအရ ယနေ့ ညနေ ၄ နာရီအချိန် ဝန်းကျင်ကလည်း စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *