ခဝေးကင်းစင်နယ်မြေဖြစ်သွားဘီ

ကရင်နီမှ မြို့ ၄ မြို့ စစ်ကောင်စီကင်းစင်သွားပြီဟု KNDF ဆို နိရဉ္စရာ၊ ဇန်နဝါရီ ၂၉ /၂၀၂၄ ကယားပြည်နယ် (ကရင်နီ) မော်ချီးမြို့၊ ရွာသစ်မြို့၊ နန်းမယ်ခုံမြို့နှင့် မယ်စဲ့မြို့များသည် စစ်ကောင်စီ ကင်းစင်သွားပြီဖြစ်ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ မှ နိရဉ္စရာ သတင်းဌာနသို့ပြောသည်။ “ ဟုတ်ပါတယ်။ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက မော်ချီးဒေသကို ထိန်းချုပ်ထားလိုက်ပြီလည်း ဖြစ်ပါတယ်။ မဲ့ဆယ့်မြို့နယ် မော်ချီးဒေသကတော့ စစ်ကောင်စီလုံးဝကင်း စင်သွားတဲ့ နယ်မြေ ဖြစ်တယ်၊ ရွာသစ်မြို့ နန်းမယ်ခုံမြို့ကိုကတော့ စစ်ကောင်စီတွေ မရှိတော့တဲ့ မြို့တွေအဖြစ် သတ်မှတ်လို့ရတယ်ပေါ့” ဟု KNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကပြောသည်။လက်ရှိအခြေအနေတွင် စစ်ကောင်စီသည် ကရင်နီ တပြည်နယ်လုံးကို မထိန်းချုပ်နိုင်သော အခြေအနေဖြစ်ကြောင်း ၎င်းကပြောကြားသည်။ကရင်နီ ပြည်နယ် မော်ချီးဒေသသည် ခဲမဖြူ၊ အဖြိုက်နက်၊ ခနောက်စိမ်းစသည့် အဖိုးတန်သတ္တုများ ထွက်ရှိရာ ဒေသဖြစ်သည်။ ၎င်းဒေသကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များထိန်းချုပ် နိုင်သော်လည်း စစ်ကောင်စီမှ ဗုံးကြဲ တိုက်ခိုက်နိုင်သောကြောင့် ပြည်သူများသတိထားရန်လိုကြောင်း ၎င်းက ပြောသည်။“စခန်းတွေ သိမ်းဆည်းတဲ့အခါ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိပါတယ်။ နောက်ဆက်သွယ် ရေးစက်တချို့လည်းပါပါတယ်။ နောက်စစ်အသုံးဆောင်ပစ္စည်းတွေ ကျွန်တော်တို့ တစ်လေးလုံး စစ်ဆင်ရေးနောက်ပိုင်းမှာတော့ စခန်း၂၀ ကိုသိမ်းဆည်းနိုင်ခဲ့တယ်။ အခုမော်ချီးနဲ့ပါဆိုရင် ၂၀ ကျော်သွားပြီပေါ့။ တော်လှန်ရေးကာလ တစ်လျှောက်လုံးမှာ သိမ်းပြီးတဲ့ စခန်း တွေအများကြီး ရှိပါတယ်။ စာရင်းမချုပ်ရသေးပါဘူး” ဟုသူကဆိုသည်။ကရင်နီပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့များသည် ကရင်နီပြည်နယ်ထဲရှိ မယ်စဲ့မြို့ကို ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် သိမ်းပိုက်ခဲ့ပြီးနောက် ပြည်နယ်ထဲရှိ မြို့နယ်များတွင် စစ်ရှိန် မြင့်တက်နေကြောင်း သိရသည်။ဘော်လခဲမြို့နယ်၊ ရွာသစ်မြို့ကိုလည်း ထိန်းချုပ်ထားပြီး ရွာသစ်မြို့နှင့် ဘောလခဲမြို့အကြားရှိ ၁၂ မိုင်ကုန်း စစ်ကောင်စီ တပ်စခန်း ကျန်ရှိနေသကဲ့သို့ ရှားတောမြို့နယ် မြို့လယ်ဘုရားကုန်းပေါ်ရှိ စစ်ကောင်စီတပ်ကျန်နေသေးကြောင်း KNDF မှထုတ်ပြန်ထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *