ပြည်သူတော့စီးပွားတိုးတတ်လားမသိဘူး ငပုတို့မိသားစုကတော့တိုးတတ်လောက်တယ်

စီးပွားရေးပိတ်ဆို့မှုများကြားမှ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ နိုင်ငံ့စီးပွားရေးမှာ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်တွင် ၃ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ဟု စစ်ခေါင်းဆောင်ပြောဇန်နဝါရီ ၃၀စီးပွားရေးပိတ်ဆို့မှုများကြားမှ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ နိုင်ငံ့စီးပွားရေးမှာ ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ၃ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကာ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၂၉)ရက်နေ့က နေပြည်တော်၌ပြုလုပ်သည့် စစ်ကောင်စီအဖွဲ့ အစည်းအဝေးတွင် ပြောသည်။ ၂၀၁၇ ခုနှစ်နှောင်းပိုင်းမှစတင်၍ နိုင်ငံ့စီးပွားရေးကျဆင်းခဲ့ပြီး စစ်ကောင်စီက နိုင်ငံ့တာဝန်ကို စတင်ထမ်းဆောင်ချိန်တွင် နိုင်ငံ့စီးပွားရေးမှာ အနှုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းနေသည်ကို တွေ့ရကြောင်း၊ စီးပွားရေးစီမံခန့်ခွဲမှုများ လွဲမှားခဲ့မှုများနှင့် ပြည်တွင်းထုတ်လုပ်မှုကို အားမပေးပဲ ပြည်ပမှ တင်သွင်းမှုများကိုသာ ဦးစားပေးဆောင်ရွက်ခဲ့သည်ကို တွေ့ရကြောင်း ၎င်းကပြောသည်။ထို့ကြောင့် စစ်ကောင်စီတာဝန်ယူချိန်တွင် နိုင်ငံ့စီးပွား မြှင့်တင်ရေးကို ဦးစားပေးဆောင်ရွက်ခဲ့ပြီး ထိုသို့ဆောင်ရွက်ခဲ့မှုကြောင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် နိုင်ငံရေးပြဿနာများ ဖြစ်နေသည့်ကြားမှပင် နိုင်ငံ့စီးပွားရေးမှာ ၂ ဒသမ ၄ရာခိုင်နှုန်းသို့ ပြန်လည်ရောက်ရှိခဲ့သည်ဟု ဆိုသည်။အလားတူ ၂၀၂၂-၂၀၂၃ခုနှစ် ဘဏ္ဍာရေးနှစ်တွင် နိုင်ငံရေးပြဿနာများ ဖြစ်ပွားမှုများ၊ စီးပွားရေးပိတ်ဆို့မှုများစသည့် အခက်အခဲများကြားမှ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ နိုင်ငံ့စီးပွားရေးမှာ ၃ ဒသမ ၄ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ကာ ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်တွင်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလအထိ နိုင်ငံ့စီးပွားရေးမှာ ၃ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ကြောင်း ၎င်းကဆက်ပြောသည်။ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှလွဲ၍ ကျန်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် အပေါင်းလက္ခဏာပြခဲ့သည်ဟု ဆိုသည်။လက်ရှိတွင် ကရင်၊ ကယား၊ ချင်း၊ ရခိုင်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ် ရေးမြို့တို့ရှိ နယ်စပ်ကုန် သွယ်ရေးလမ်းကြောင်းများပေါ်တွင် တိုက်ပွဲများဖြစ်နေကာ နယ်စပ်ကုန်သွယ်ရေးဂိတ်များလည်း ပိတ်ထားရပြီး ပြည်တွင်း၌ ကုန်ပစ္စည်းရှားပါး၊ ပြတ်လပ်မှုနှင့် ကြုံတွေ့နေရသည်။ထို့အပြင် စစ်ခေါင်းဆောင်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖက်ဒရယ်စနစ်ကို နိုင်ငံ၏အခြေအနေနှင့် ကိုက်ညီစွာ ကျင့်သုံးသည့် ပုံစံဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တရားစီရင်ရေး၊ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး အာဏာများ ခွဲဝေပေးထားသည်ကို ထည့်သွင်းပြဋ္ဌာန်းထားပြီးဖြစ်သည်ဟု ဆိုသည်။ပြီးခဲ့သည့် ဒီမိုကရေစီ အစိုးရသက်တမ်းနှစ်ခုတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအနေဖြင့် ၎င်းတို့အား ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်များကို အပြည့်အဝ အကောင်အထည်ဖော်နိုင်မှုမရှိသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားများအနေဖြင့် အားမလိုအားမရမှုများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရကြောင်း ၎င်းကပြောသည်။ဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းရာတွင် အစိုးရတစ်ခုနှင့်တစ်ခု အကောင်အထည်ဖော်ဆောင်ရွက်မှုများ မတူညီမှုများရှိသဖြင့် လိုအပ်ချက်များ ရှိသည်ကိုတွေ့ရှိရသဖြင့် စစ်ကောင်စီတာဝန်ယူချိန်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ညီတူညီမျှ တိုးတက်မှုရှိအောင် ဆောင်ရွက်စေခဲ့သည်ဟုလည်း ပြောသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *