ခမရ ၅၄၀ အလှူပစ္စည်းတွေကိုထုတ်ကြွားလိုက်တဲ့AA

AA က တိုက်ခိုက်သိမ်းပိုက်ရရှိထားသော မြောက်ဦးအခြေစိုက် ခမရ ၅၄၀ တပ်ရင်းမှ လက်နက်ခဲယမ်းများ ထုတ်ပြန်ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့အခြေစိုက် ခမရ ၅၄၀ တပ်ရင်းတစ်ခုလုံးကို AA က ဇန်နဝါရီလ ၃၀ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများကို AA က တရားဝင် ထုတ်ပြလိုက်သည်။

မြောက်ဦးမြို့နယ်ရှိ ကမ္ဘာ့အမွေအနှစ်၊ ရက္ခိုင့်အမွေအနှစ်များကို နှစ်ရှည်လများ ခိုးယူ လုယက် ဖျက်ဆီးခဲ့သော၊ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့သော၊ မြောက်ဦးမြိုကို မီးလောင်ပြာကျအောင် ကြံစည်ကြိုး စားနေသော အကြမ်းဖက်စစ်ကောင်စီတပ်၏ မြောက်ဦးအခြေစိုက် တပ်ရင်းများဖြစ်ကြသည့် ခမရ ၅၄၀ ၊ ခမရ ၃၇၇ ၊ ခမရ ၃၇၈ တပ်ရင်းများကိုလည်း AA က တစ်ပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း

၊ ဇန်နဝါရီလ ၃၀ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်အချိန် မြောက်ဦး ခမရ ၅၄၀ တပ်ရင်းတစ်ရင်းလုံးကို ရက္ခိုင့်တပ်တော်က အပြတ်အသတ်ချေမှုန်းနိုင်ခဲ့ပြီးနောက် အလုံးစုံသိမ်းပိုက်ထား နိုင်ခဲ့ကြောင်း၊

ကျန်ရှိနေသေးသော မြောက်ဦးအခြေစိုက် အခြားတပ်ရင်းနှစ်ရင်းအပြင် တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေသော စစ်တပ် တပ်စခန်းတိုင်းကိုလည်း အပြီးသတ်သိမ်းပိုက်ရယူနိုင်ရန် ဆက်လက်တိုက်ခိုက်လျက်ရှိကြောင်း AA က ပြောဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *