မိမိုက်နေရော လနကြီးတွေနဲ့ဆော်တဲ့(ရုပ်သံ)

ဆားလင်းကြီးမြို့မရဲစခန်းကို တော်လှန်ရေးအင်အားစုတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ် (ရုပ်/သံ)

++++++++++++++++++

ဖေဖော်ဝါရီ ၂ ရက်

စကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဆားလင်းကြီးမြို့မရဲစခန်းကို တော်လှန်ရေးအင်အားစုတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Royal Tiger Force ပြောက်ကျားတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ ၁ရက်နေ့ ညနေပိုင်းအချိန်မှာ တော်လှန်ရေးအင်အားစုတွေက ဆားလင်းကြီးမြို့မရဲစခန်းကို ၆၀ မမ၊ ၁၂၀ မမ အလုံး ၁၀၀ ကျော်ဖြင့်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“လောလောဆယ်တော့ ၃ကောင်ထိတယ်လို့ သတင်းရပါတယ်၊ အတိအကျတော့ မသိရသေးပေမယ့် ဒဏ်ရာရခွေးတွေများမှာပါ” လို့ RTF အဖွဲ့က ရဲဘော် စနေ ကမောင်းကိုပြောပါတယ်။

အဆိုပါ မြို့မရဲစခန်းမှာ ပုံမှန်ဆို စစ်ကောင်စီ အင်အား ၁၀၀ ကျော်လောက်ရှိနေတတ်ပြီး တိုက်ခိုက်မှုဖော်ဆောင်ခဲ့တဲ့နေ့မှာတော့ အင်အားတဝက်လောက်သာ စခန်းတွင်ရှိနေကာ ကျန်တဝက်လောက်ကိုတော့ မြို့ထဲမှာ အင်အား ဖြန့်ကျတ်ထားတယ်လို့ သိရပါတယ်။

“ပြည်သူတွေကို ဖမ်းဆီးစစ်ဆေးတာမျိုးတော့မရှိပါဘူး၊ မြို့ထဲကို ပြည်သူသွားလာတာမရှိဘူး၊ မြို့နေပြည်သူအနည်းအပါးလောက်ပဲရှိတာပါ” လို့ ရဲဘော်စနေက ပြောပါတယ်။

တိုက်ခိုက်မှုအပြီးမှာတော့ စစ်ကောင်စီတပ်တွေဟာ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးအင်အားစုတွေကတော့ အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကိုတော့ Royal Tiger Force-RTFနှင့် ဆားလင်းကြီးလက်နက်ကြီးတပ်ပေါင်းစုတွေက ပူးပေါင်းဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာလည်း အင်အား ၈၀ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးအင်အားစုတွေက ဆားလင်းကြီးမြို့နယ်အစပ်ရှိ လက်တောင်းငယ်ကျေးရွာအနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်မှ ၁၇ဦးကျော်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်နိုင်ခဲ့ပါသေးတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *