ပျော်လိုက်တော့ အကောင်ကြီးတွေပဲရှယ်ကြိတ်ထားတာ

တနင်္သာရီမြို့နယ်၊ ဘန်လောအရှေ့ကမ်းရွာ အနီးတွင် တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ဗိုလ်မှူး ၁ ဦးနှင့် အရာရှိ ၅ ဦးအပါအဝင် ၂၂ ဦးသေဆုံးရန်ကုန်၊ ဖေဖော်ဝါရီ ၃ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဘန်လောအရှေ့ကမ်းရွာအနီးတွင် တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ် ဘက်မှ ဗိုလ်မှူး ၁ ဦးနှင့် အရာရှိ ၅ ဦး အပါအဝင် ၂၂ ဦး သေ ဆုံးခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။ဇန်နဝါရီလ ၃၁ ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ ဘန်လောအရှေ့ကမ်းရွာအနီး ၅ မိုင် ၆ မိုင်ဘက်ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ တိုက်ပွဲ ၅ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ် မှ လေကြောင်း ပစ်ကူပါ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ယင်းတိုက်ပွဲ ၅ ကြိမ်အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်မှူး အဆင့်ရှိ ၁ ဦးနှင့် အရာရှိ ၅ ဦးအပါအဝင် စစ်ကောင်စီ တပ်သား ၂၂ ဦးသေဆုံးပြီး ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲ ဖြစ်ပွားရာနေရာမှ စစ်ကောင်စီတပ်သားများ အသုံးပြုသော လက်ပစ်ဗုံး တစ်လုံး၊ ၅ ဒသမ ၅၆ ကျည် အ တောင့် ၅၀၀ ကျော်ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။“တနင်္သာရီမြို့ကနေ အင်အား ၈၀ လောက်နဲ့ စစ်ကြောင်းထိုးလာတာပါ၊ လေယာဉ်က တစ်ကြိမ်လာ ပြီး ၂ ကြိမ်ပစ်သွားတယ်၊ မနေ့ညက( ဖေဖော်ဝါရီလ ၂ ရက်ည) တနင်္သာရီမြို့ကို ပြန်ဆုတ် သွားပြီ” ဟု မြိတ်ခရိုင်တပ်ရင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ ဖြစ်သည့် မြိတ်ခရိုင်တပ် ရင်း၂ ၊ တပ်ခွဲ ၁၊ ဘက်မလိုက်ပြောက်ကျားအဖွဲ့၊ တောင်ပိုင်းသူရဲကောင်းအဖွဲ့ (SWDF) နှင့် မြိတ်မြို့နယ် (ပကဖ) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိ ခဲ့ကြောင်း သိရှိရသည်။တနင်္သာရီမြို့နယ်အတွင်း၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး လက်ရှိဖြစ်ပေါ်နေသော စစ်ရေး အခြေအနေအရ ဒေသနေ ပြည်သူများ၊ ခရီးသွားပြည်သူများအနေဖြင့် သတိရှိစွာ သွားလာနေ ထိုင်ပေးကြပါရန် မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *