ငပုလက်ထွက်ပါဆို လူကောင်းသူကောင်းရှိပါ့မလား

ဆီဆိုင်မြို့မှာ ဖောက်ထွင်းခိုးယူနေသူ ၂၀နီးပါးကို PNLA ဖမ်းဆီးထားဖေဖော်ဝါရီ ၆၊ ၂၀၂၄တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရတဲ့ ရှမ်းပြည်နယ် တောင်ကြီးခရိုင် ဆီဆိုင်မြို့တွင်းက နေအိမ်တွေကို ဖောက်ထွင်းခိုးယူနေသူ ၂၀ နီးပါးကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။”ဖမ်းမိထားတာက ၂၀ လောက်ရှိတယ် PNO (ပအိုးဝ်ပြည်သူ့စစ်အဖွဲ့) လည်းပါ စကစလည်းပါတယ်။ သူခိုးထဲမှာ ရိုးရိုးသူခိုးလည်းပါတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။ဒါ့အပြင် ဖမ်းဆီးရမိသူတွေထဲမှာ စစ်ကောင်စီလက်အောက်ခံ ပအိုးဝ်ပြည်သူ့စစ်အဖွဲ့ PNO/ PNA က ဗိုလ်အဆင့်ရှိသူတဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။ခုလိုခိုးယူတာဟာ စစ်တပ်ရဲ့ ခိုင်းစေမှုကြောင့်ဖြစ်ပြီး ခိုးယူပြီးနောက် ရရှိလာတဲ့ ပစ္စည်းတွေကို ပြန်လည်ခွဲယူကြတယ်လို့ ဖမ်းဆီးရမိသူတွေထဲက ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့မှာ တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေနေအိမ် ဖောက်ထွင်းခံရတာတွေ ရှိနေတာကြောင့် လုံခြုံရေးအဖွဲ့တွေချပြီး ဖမ်းဆီး အရေးယူမှုတွေ ပြုလုပ်‌နေတယ်လို့ PNLA က မနေ့က ထုတ်ပြန်ထားပါတယ်။PNLA က ထိန်းချုပ်ထားတဲ့ ဆီဆိုင်မြို့ကို စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက လက်နက်ကြီးတွေ လေယာဉ်တွေနဲ့ ပစ်ခတ်နေတာကြောင့် နေ့စဉ်ဆိုသလို တိုက်ပွဲတွေ ပြင်းထန်လျက်ရှိရာ အခြေအနေမတည်ငြိမ်တာကို အခွင့်ကောင်းယူပြီး ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူခံနေရတယ်လို့ သိရပါတယ်။အဲဒီလိုခိုးယူခံရမှုတွေကို အရေးယူလျက်ရှိနေပြီး စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေတာကြောင့် ပြည်သူတွေအနေနဲ့ အရဲစွန့်ပြီး နေအိမ်ပြန်တာ၊ ပစ္စည်းတွေ ပြန်ရောက်ဝင်ယူတာမျိုး မပြုလုပ်ဘဲ ဘေးကင်းတဲ့နေရာမှာသာ နေကြဖို့ PNLAက တိုက်တွန်းထားပါတယ်။ဆီဆိုင်မြို့က တိုက်ပွဲတွေကြောင့် ဆီဆိုင်-ဆိုက်ခေါင် လမ်းကြောတစ်လျှောက်က ကျေးရွာတွေဖြစ်တဲ့ ကောင်းမှုဗွာ၊ နမ့်ဩ၊ ထီတမောင်း၊ ပင်စုံနဲ့ ဆိုက်ခေါင်စံပြကျေးရွာတို့က ဒေသခံတွေနဲ့ ကရင်နီဒေသက ဝင်ရောက်လာတဲ့ စစ်ဘေးရှောင်တွေ အပါအဝင် စုစုပေါင်း ဒေသခံ တစ်သိန်းနီးပါးဟာ စစ်ဘေးလွတ်ရာ ဒေသတွေကို ထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။ ပုံစာ- တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ပျက်စီးနေတဲ့ ဆီဆိုင်မြို့တွင်းက အဆောက်အအုံတစ်ခု

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *