အကြောက်လွန်ပြီးအမောဖောက် တေ ဟီဟီ

ဟားခါးအခြေချဗျူဟာမှ ဗျူဟာမှူး ဗိုလ်မှူးကြီးဟိဏ်းထက်အောင် နှလုံးအမောဖောက်သေဆုံးဆလိုင်းမာန်အောင်/People’s Springဟားခါးအခြေချဗျူဟာမှ စစ်ကောင်စီ ဗျူဟာမှူး ဗိုလ်မှူးကြီးဟိဏ်းထက်အောင်သည် နှလုံးအမောဖောက်ပြီး ရုတ်တရက်သေဆုံးသွား‌ ကြောင်းသတင်းရရှိသည်။”ဗျူဟာမှူးဟိဏ်းထက်အောင် သေသွားတာ ဟုတ်တယ်။ သူက ဒီကနေ့ ထွက်သွားချင်လို့ ငြီးနေတာ ကြာပြီ။ ဌာနဆိုင်ရာ အခမ်းအနားတွေမှာလည်း မျက်နှာမကြည်ဘူး။အခုက နှလုံးဖောက်လာလို့ ဟားခါးက ဆေးရုံတခုကို ပို့ပေမယ့် မရ‌တော့တာ” ဟု ဟားခါးမြို့မှ စစ်​ကောင်စီဝန်ထမ်းတစ်ဦးကပြောသည်။ဗိုလ်မှူးကြီးဟိဏ်းထက်အောင်သည်အသက်၅၀ အရွယ်ခန့်ရှိပြီဖြစ်သည်။ ၎င်းသည် ‌နေပြည်တော်မှ စစ်ခေါင်းဆောင်များပေးသည့် ဖိအားများကို မခံနိူင်တော့၍ နှလုံးရောဂါဖြင့် သေဆုံးသွားခြင်းဟု ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)က ယနေ့( ဖေဖော်ဝါရီလ ၆ ရက်)တွင် ထုတ်ပြန်ထားသည်။၎င်းသည် ၂၀၂၃ အောက်တိုဘာလတွင်မှ စစ်ဗျူဟာအခြေချ (ဟားခါး) စစ်ဗျူဟာမှူးအဖြစ် ဗိုလ်မှူးကြီး​စောထွန်း ​နေရာတွင် အစားထိုးခန့်အပ်ခံရသူဖြစ်​ကြောင်းCHROက​ဖော်ပြသည်။ဟားခါးမြို့တွင် လတ်‌တလော၌ တိုက်ပွဲဖြစ်ပွားနေခြင်းမရှိသော်လည်း မင်းတပ်၊မတူပီ၊ ကန်ပက်လက်၊ ထန်တလန်တို့၌ စစ်ရေးတင်းမာမှုများ ရှိနေသည်။ပြီးခဲ့သည့် နှစ် မေလ ၅ရက်က မတူပီ-ဟားခါးလမ်းမပေါ်တွင် အခြေစိုက်သည့်စစ်ကောင်စီ စစ်ဗျူဟာ ကို မတူပီ CDFက အထူးစစ်ဆင်ရေးအဖြစ် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ စစ်ဗျူဟာမှုး ဗိုလ်မှူးကြီးစိုးမင်းလတ်နှင့် ဗိုလ်မှူးတစ်ဦး၊ စစ်ဗျူဟာမှူး​၏ ယာဉ်မောင်းတပ်သားတစ်ဦး စုစုပေါင်း သုံးဦးသေဆုံးခဲ့ဖူးသည်။” ဟားခါးက တိုက်ပွဲမဖြစ်နေလည်း ခပ်လှုပ်လှုပ်ပဲ။ စစ်တပ်က ဒေသပေါင်းစုံမှာ စစ်ရှုံးနေတော့ တချို့အရာရှိတွေ တော်တော် ထွေနေတာ” ဟု ချင်းကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။(နှလုံးအမောဖောက်သေဆုံးခဲ့​​သော ဗိုလ်မှူးကြီးဟိဏ်းထက်အောင် (ယာအစွန်ဆုံး စစ်​ကောင်စီဝတ်စုံဝတ်) ကို ၂၀၂၃​အောက်တိုဘာလ၂၈ ရက်က​တွေ့ရစဥ် ။ဓါတ်ပုံ-စစ်ကောင်စီ)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *