အိုပယ်တွေပြန်အသုံးဝင်လာဘီ အိုပယ်မွှင်းခါးမကြာမီလာမည်

ပြည်နယ်နှင့်တိုင်းအသီးသီးမှ စစ်မှုထမ်းဟောင်း ၂၀၀၀ ဝန်းကျင်ကို နေပြည်တော်သို့ ခေါ်ယူထားပြီး တောင်တွင်းကြီးမြို့တွင် စစ်သင်တန်း ၂ ပတ်ပေးကာ ရှေ့တန်း စေလွှတ်မည်ရန်ကုန်၊ ဖေဖော်ဝါရီ ၈ အကြမ်းဖက်စစ်ကောင်စီက ပြည်နယ်နှင့်တိုင်းအသီးသီးမှ စစ်မှုထမ်းဟောင်း ၂၀၀၀ ဦးဝန်းကျင်ကို နေပြည်တော်သို့ ခေါ်ယူထားပြီး တောင်တွင်းကြီးမြို့တွင် စစ်သင်တန်း ၂ ပတ်ပေးကာ ရှေ့တန်းသို့ အကူတပ်များအဖြစ် စေလွှတ်မည်ဖြစ်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်အသီးသီးမှ စစ်သည်မှစ၍ အရာရှိအဆင့် စစ်မှုထမ်းဟောင်းများကို ပြန်လည်ခေါ်ယူထားကြောင်း၊ ခေါ်ယူထားသော စစ်အင်အားမှာ ၂၀၀၀ နီးပါးရှိပြီး ယင်းစစ်မှုထမ်းဟောင်းများကို တောင်တွင်းကြီးမြို့ရှိ တပ်များတွင် စစ်သင်တန်းများ ၂ ပတ်ကြာ သင်တန်းပြန်လည်ပေးမည်ဖြစ်ကြောင်း၊ ယင်းနောက် ရှေ့တန်း အကူတပ်များအဖြစ် စစ်မျက်နှာပြင် အသီးသီးသို့ စေလွှတ်မည်ဖြစ်ကြောင်း သိရှိရသည်။ “ခေါ်တာကတော့ ရှေ့တန်းအကူတပ်အဖြစ် ခေါ်တာပါ။ အခု နေပြည်တော်မှာ အင်အားစုနေပြီ။ တဖွဲဖွဲ လာနေကြတယ်။ ပြီးရင် တောင်တွင်းကြီးမှာ စစ်သင်တန်းနဲ့ ပစ်ခတ်နည်း ၂ ပတ် ပြန်ပေးမယ်။ ပြီးရင်တော့ ရှေ့တန်းစစ်မျက်နှာအသီးသီးကို ရှေ့တန်း အကူတပ်တွေအဖြစ် စေလွှတ်မယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ အလားတူ အခြားတစ်ဖက်တွင်လည်း နေပြည်တော်ကောင်စီနယ်မြေအတွင်းတွင် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများတွင် ပြည်သူ့ စစ်များ ဖွဲ့စည်းရန်အတွက် စာရင်းကောက်ခံမှုများ လုပ်ဆောင်နေကြောင်း၊ အိမ်ထောင်စုစာရင်းများနှင့် လူဦးရေစာရင်းများကို ကောက်ခံပြီး မဲနှိုက်စနစ်ဖြင့် ပြည်သူ့စစ်နှင့် တပ်သားသစ်များ စုဆောင်းရန် လုပ်ဆောင်နေကြောင်း သိရှိရသည်။ ဓာတ်ပုံ- ၂၀၁၈ နေပြည်တော်စစ်မှုထမ်းဟောင်းညီလာခံ တက်ရန် လာရောက်ကြသည့် စစ်မှုထမ်းဟောင်း တချို့။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *