ဘောလခဲ၁၂မိုင်ကုန်းဆို့အောက်

ဘောလခဲ ၁၂ မိုင်ကုန်း စစ်ကောင်စီ စခန်းကို ​တော်လှန်​ရေးအဖွဲ့များ သိမ်းပိုက်ရဲ​ခေါင် ၊ကရင်နီ(ကယား)ပြည်နယ် ဘောလခဲမြို့နယ်ရှိ ၁၂ မိုင်ကုန်း စစ်ကောင်စီစခန်းကို ယနေ့ ဖေဖော်ဝါရီ ၈ရက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း တော်လှန်ရေးပူးပေါင်းတပ်တွင် ပါဝင်ခဲ့သည့် Force for Federal Democracy(FFD) ဒရုန်းတပ်ဖွဲ့နှင့် ကရင်နီစစ်​ရေးသတင်းရင်းမြစ်တို့က​ပြောသည်။FFD Drone တပ်ဖွဲ့နှင့်အတူ မဟာမိတ် တပ်ဖွဲ့များဖြစ်သော ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး(ကလလတ)၊ ဘော်လခဲPDFတပ်ဖွဲ့များ နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်း စုများ ပူးပေါင်း၍ စစ်ကောင်စီ၏ ၁၂မိုင်ကုန်းစခန်းကို ​၄ ရက်ကြာ တိုက်ခိုက်ပြီး​နောက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။စခန်းသိမ်းတိုက်ပွဲမှ လက်နက်ကြီး၊ လက်နက်ငယ်နှင့် ဗုံးသီးမျိုးစုံကို သိမ်းယူရရှိခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးမှုကို အတည်ပြု၍ မရသေးပေ။”၁၂ မိုင် စခန်းကုန်းမှာက စကစ အင်အား ၄၀ လောက်ရှိတယ်။ကရင်နီပူးပေါင်းတပ်က ဒီလ အစ ပိုင်းကတည်းက တိုက်ခဲ့တယ်။စကစ ဘက်က စစ်ကြောင်း ကူတာတွေလည်းရှိခဲ့တယ်။ဒါပေမယ့် ဒီနေ့သိမ်းနိုင်ခဲ့တာပေါ့။အသေးစိတ်တော့ သက်ဆိုင်ရာ တပ်ဖွဲ့တွေက ထုတ်ပြန်ပါလိမ့်မယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။FFD ၏သတင်းထုတ်ပြန်ချက်တွင်သိမ်းရခဲ့သည့် ၁၂ မိုင်ကုန်းတပ်စခန်းအား ဝေဟင်မှ ရိုက်ကူးထား​သောဓါတ် ပုံနှင့် သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများ ဓာတ်ပုံကို ဖော်ပြထားသည်။”​ဖေ​ဖော်ဝါရီ ၅ ရက်နေ့ ကစပြီးကျနော်တို့ Drone Forces တွေဗုံးစကြဲတာပါ..၈ရက်နေ့မနက်မှာ စခန်းတက်သိမ်းတယ်လို့သိရတယ်ဗျ။ ရှေ့တန်းကရဲဘော်တွေနဲ့က အဆက်သွယ်သေချာမရသေးတော့ အသေးစိတ်တော့အတည်ပြုလို့မရသေးပါဘူးခင်ဗျ”ဟု FFD ဒရုန်းတပ်ဖွဲ့မှ ပြန်ကြား​ရေးတာဝန်ရှိသူက ​ပြောသည်။ စစ်​ကောင်စီတပ်၏ ၁၂ မိုင်ကုန်းစခန်းကို တိုက်ခိုက်စဉ်FFD ဒရုန်းတပ်က ဖေဖော်ဝါရီ ၅ရက်မှ ၈ရက်နေ့အထိ ၄ရက်တာအတွင်း ဗုံးသီး ၄၅လုံး ကြဲချ ပစ်ကူပေးခဲ့ကြောင်း သိရသည်။တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ကို အတည်ပြု မရသေးကြောင်းနှင့် လက်နက်ကြီး၊ လက်နက်ငယ်နှင့် ဗုံးသီးမျိုးစုံ သိမ်းယူရရှိခဲ့ကြောင်း ဖော်ပြထားသည်။FFD Drone တပ်ဖွဲ့သည် ဆီဆိုင်မြို့တွင်လည်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်အတူစစ်ရေးလှုပ်ရှားမှုများပြုလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။အဆိုပါ စစ်ကောင်စီ ၁၂ မိုင်ကုန်း တပ်စခန်းသည် ဘောလခဲမြို့နှင့် ရွာသစ်မြို့အကြား၌ တည်ရှိသည့် စခန်းဖြစ်သည်။ကရင်နီပြည်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က စတင်ခဲ့သော ကရင်နီပူပေါင်းတပ်များ၏ ၁၁.၁၁ စစ်ဆင်ရေးတွင် ရွာသစ် နှင့် မော်ချီးမြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး လွိုင်ကော်၊ဒီးမော့ဆို ၊မိုးဗြဲ ၊ဖယ်ခုံ နှင့်ရှားတော မြို့များရှိ စစ်ကောင်စီတပ်စခန်း၊စခန်းကုန်း ၂၀ ကျော်ကို သိမ်း ပိုက်ထားကြောင်း ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ် KNDF က ဇန်နဝါရီ ၂၉ ရက်က အသိပေးထားသည်။ထို့အပြင် ဇန်နဝါရီ တတိယပတ်ကစ၍ ထိုင်း-မြန်မာ နယ်စပ်ရှိ BP 9 အနီးတွင် တပ်စခန်းများမှ ဆုတ်ခွာလာသော စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် KA တို့ တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်သည်။ထို့အပြင် လွိုင်ကော်အခြေစိုက် စစ်ကောင်စီ၏ ဒကစ အား ဝိုင်းရံ တိုက်ခိုက်လျက်ရှိကာ ဖယ်ခုံမြို့အခြေ စိုက် စကခ(၇) ၏ ကာကင်းစခန်းများဖြစ်သည့် လွယ်ပတ္တာ၊ကုန်းဆုံစသော ကာကင်းကုန်းစခန်းများ အားလုံးကို ကရင်နီတပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်ထားသည်။စစ်ကောင်စီတပ်များ ဆက်လျက် တပ်ဆွဲ ထားနိုင်သော် လည်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ထောက်ပို့လမ်းကြောင်း ပြတ်တောက်သွားပြီး လေကြောင်း ကိုသာအား ကိုးအား ထားပြုရသည့် အခြေအနေဖြစ်နေသည်ဟု KNDF က အသိပေးသည်။ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှာ မြေပြင်တွင် အသာစီးရနေသဖြင့် စစ်ကောင်စီတပ်မှ လေ ကြောင်းကိုသာ အားထား တိုက်ခိုက်နေရ သောကြောင့် ပြည်သူများလုံခြုံရေးသတိရှိကြရန် ကရင်နီတပ်ပေါင်းစုကတိုက်တွန်းသည်။(ဘောလခဲ ၁၂ မိုင်ကုန်း စစ်ကောင်စီတပ် စခန်းနှင့် သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-FFD)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *