UNကိုအားကိုးဖို့မ​တွေးနဲ့ သူတို့တောင်မှားကျဲခံရမှာကြောက်လို့အမှတ်အသားလုပ်နေရပြီ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုမှ ကာကွယ်ရန် မောင်တောမှ အန်ဂျီအိုရုံးများ ခေါင်မိုးပေါ်တွင် အမှတ်အသားပြုလုပ် နိရဥ္စရာ၊ ဖေဖော်ဝါရီ ၈/၂၀၂၄ လူနေမြို့ပေါ်နှင့် ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည့် စစ်ကောင်စီ၏ လေကြောင်းရန်မှ ရှောင်ရှားကာကွယ်ရန်အတွက် ရခိုင်ပြည်၊ မောင်တောမြို့မှ UN အပါအဝင် INGO ရုံးများ ခေါင်မိုးပေါ်တွင် အဖွဲ့အစည်း၏ အမှတ်အသားများပြုလုပ်ထားကြကြောင်း သိရသည်။ မောင်တောရှိ UN အပါအဝင် နိုင်ငံတကာ အန်ဂျီအို (INGO) ရုံးများ၏ ခေါင်မိုးများကို ရုံးတံဆိပ် အမှတ်အသားများ ဆေးသုတ်ထားသည်ကို တွေ့မြင်ရကြောင်း မောင်တောမြို့ခံများက ပြောသည်။မောင်တောမြို့ခံတစ်ဦးက ” မနေ့က သွားတုန်းက တွေ့ခဲ့ပါတယ်။ သူတို့ရုံးခေါင်မိုးတွေမှာ ရုံးနာမည်၊ ရုံး Logo တွေကို ဆေးသုတ်ထားတာ။ နယ်စပ်မှာ ဗုံးကြဲတာတွေရှိနေလို့စိုးရိမ်လို့နေမယ်”ဟု ပြောသည်။ လက်ရှိမောင်တောမြို့ပေါ်တွင် စစ်ကောင်စီက ဧည့်စာရင်းအကြောင်းပြ စစ်ဆေးမှုများနှင့် လုံခြုံရေး သတိထားစောင့်ကြည့်မှုများရှိသော်လည်း ငြိမ်သက်နေသည်ဟု ဆိုသည်။

မောင်တောမြို့ပေါ်တွင် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများကြောင့် အခြေအနေ မတည်မငြိမ်ဖြစ်နေပြီး မြို့ခံများအချို့နှင့် အန်ဂျီအိုဝန်ထမ်းများကို မြို့ကို စွန့်ခွာမှုရှိနေသည်ဟု သိရသည်။သို့သော် ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ် မောင်တောမြို့မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်စခန်း (တစ်နည်း) ဗျူဟာစခန်းနှစ်ခုဖြစ်သော တောင်ပြို (လက်ဝဲ- လက်ယာ) ဗျူဟာစခန်းတို့အား ရက္ခိုင့်တပ်တော်က ဖေဖော်ဝါရီလ (၄) ရက်နေ့မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယင်းနေ့ ညနေ (၆) နာရီခန့်တွင် တောင်ပြို (လက်ယာ) ဗျူဟာစခန်း၊ ဖေဖော်ဝါရီလ (၆) ရက်နေ့၊ ညနေပိုင်းတွင် တောင်ပြို (လက်ဝဲ) ဗျူဟာစခန်းကို အလုံးစုံ သိမ်းပိုက်ရယူနိုင်ခဲ့သည်ဟု ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်သည်။ ယင်းသို့ အေအေ သိမ်းပိုက်ပြီးနောက် ယမန်နေ့ ဖေဖော်ဝါရီ ၇ ရက်နေ့ ညနေအထိ အဆိုပါနေရာများကို စစ်တပ်က ဂျက်ဖိုက်တာ၊ ရဟတ်ယာဥ်တို့ဖြင့် ဗုံးကြဲချခဲ့သည်ဟု ဆိုသည်။ “ဗုံးကြဲသံတွေကို ကြားနေရပါတယ်။ သိမ်းပြီးပေမယ့် အခဲမကျေလို့ လာပစ်နေတာ ထင်တယ်”ဟု မောင်တောမြို့နယ်၊ တမန်းသားမှ ဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီသည် စစ်ရေးအထိနာသည်နှင့်အမျှ အရပ်သားများကို ဦးတည်ကာ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ နှင့် လက်နက်ကြီး ပစ်ခတ်မှုများကို လုပ်လေ့ရှိသည်ဟု ဒေသခံများက ပြောသည်။ယင်းကြောင့် မောင်တောမြို့ကိုလည်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လာမည်ကိုစိုး၍ နိုင်ငံတကာ အဖွဲ့အစည်းများ ကြိုတင်ပြင်ဆင်နေခြင်း ဖြစ်နိုင်ကြောင်း မောင်တောမြို့ခံများက ပြောသည်။ ယခုကဲ့သို့ ရခိုင်တွင် တစ်နေ့ထက်တစ်နေ့ စစ်ရေးပြင်းထန်နေပြီး စစ်ဘောင်ကျယ်ပြန့်လာသည့်အတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ကြသည့် UN နှင့် နိုင်ငံတကာ အကူအညီပေးရေး INGO အဖွဲ့အစည်းများသည် ရခိုင်မှ ထွက်ခွာရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်းလည်း INGO သတင်းရင်းမြစ်များထံမှ သိရသည်။(NN-7) (ဓာတ်ပုံ – မူလပိုင်ရှင်အား credit ပေးပါသည်)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *