မီးခိုးအူးတာဆီမသန့်လိုပါ ဟိဟိ

ချပ်သင်းတွင် ပစ်ချခံလိုက်ရသည့် ရဟတ်ယာဥ် မီးခိုး တန်း၍ ဆင်းသွားရသည်ကို လေယာဉ်ဆီမသန့်လို့ မီးခိုးထွက်သည်ဟု စစ်လော်ဘီများဝါဒဖြန့်

မြရာ/ဧရာ၀တီတိုင်းမ်

ဖေဖော်ဝါရီ ၉ ရက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းရွာအနီးတွင် လေကြောင်းတိုက်ခိုက်မှု လာရောက်ပြုလုပ်သည့် စစ်ကောင်စီ၏ MI 35တိုက်ခိုက်ရေးရဟတ်ယာဉ်ကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ချလိုက်ရာ စက်ချို့ယွင်းပြီး ပြန်လှည့်သွားရ ကြောင်း သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၈ ရက်‌နေ့ နေ့လယ် ၂ နာရီ ၁၀ မိနစ်ခန့်က ချပ်သင်းရွာတိုက်ပွဲ ကို ဗုံးလာကြဲသည့် MI 35 ရဟတ်ယာဉ်ကို ကန့်ဘလူမြို့နယ် ချပ်သင်းဘေးမဲ့ တောအတွင်း တိုက်ပွဲတွင်ရှိနေသည့် တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်လိုက်ရာ ထိမှန်ပြီး မီး ခိုးများတန်း၍ ကန့်ဘလူ ၆၀၀၆ တပ်အတွင်းသို့ အလျင်အမြန် ဆင်းသက်သွားသည်ဟု နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့ထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီက ကန့်ဘလူ ၆၀၀၆ တပ်အတွင်း၌ MI 35 နှစ်စီး၊ Y 12 လေ ယာဉ်တို့ကို အသင့်အနေအထား ထားရှိပြီး လေကြောင်းတိုက်ခိုက်မှုများပြီးဆုံးပါက မုံရွာနမခတပ် ရင်းအတွင်းသို့ ပြန်လည်ဆင်းသက်မှုများ ပြုလုပ်ရကြောင်း သိရသည်။ ယမန်နေ့က ပစ်ချခံလိုက်ရသည့် MI 35 ရဟတ်ယာဉ် သည် မုံရွာနမခအတွင်းသို့ ပြန်လည်ဆင်းသက်နိုင်ခြင်းမရှိဘဲ ထိခိုက်မှုအလွန်များပြားကြောင်း သိရသည်။

ယင်းသို့ တော်လှန်ရေးတပ်ဖွဲ့များက ပစ်ချလိုက်၍ စက်ချို့ယွင်းပြီး မီးခိုးထွက်ကာ တပ်ရင်းထဲသို့အရေး ပေါ်ဆင်းသက်ခဲ့ရသည့် ဖြစ်စဉ်ကို စစ်တပ်ထောက်ခံ ဝါဒဖြန့်ချန်နယ်များတွင် “ဆီမသန့်လို့ လေယာဉ်က မီး ခိုးထွက်သွားတာ။ သူတို့ပစ်လို့ ထိစရာလား”ဟု ဝါဒ ဖြန့် ပြောဆိုလျက်ရှိသည်။

“လေယာဉ်ဆီတွေက ရှားပါးနေတာ။ အခုတင်သွင်းတဲ့ လေယာဉ်ဆီကလည်း နိုင်ငံစုံက။ ဆီမသန့်တာတွေ ပါ မှာပဲ။ လေယာဉ်ပစ်လက်နက်လည်း မဟုတ်ဘဲနဲ့ လေယာဉ်ထိစရာကိုမရှိဘူး။ ဆီကြောင့် မီးခိုးထွက်တာ။ ဗုံးကြဲပြီး သူ့ဘာသာတပ်ရင်းထဲပြန်သွားတာ”ဟု စစ် တပ်ထောက်ခံ တယ်လီဂရမ်များတွင် ရေးသားဖြန့်ဝေ ထားသည်။

စစ်ကောင်စီနှင့် စစ်ကောင်စီတပ်ထောက်ခံသူအသိုင်းအဝိုင်းက ယမန်နေ့က ကန့်ဘလူ၊ ချပ်သင်းတွင် ရဟတ်ယာဉ်ပစ်ချခံရသည့်ဖြစ်စဉ်ကို ရင်ဆိုင်မဝံ့ဘဲ ငြင်းဆိုနေသော်လည်း တော်လှန်ရေးတပ်ဖွဲ့များက လေယာဉ်စက်ချို့ယွင်းအောင် ပစ်ခတ်လိုက်နိုင်သည့် အတွက် မုံရွာနမခသို့ပင် မပြန်နိုင်တော့ဘဲ အရေးပေါ် ဆင်းသက်မှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်နေ့ကလည်း မြ၀တီမြို့ နယ်၊ သင်္ဃန်းညီနောင်၌ စစ်ဘက်ဆိုင်ရာအရာရှိများ တပ်အပြောင်းအလဲလုပ်သည့် လေယာဉ်နှစ်စင်းအနက် တပ်အရာရှိ ၅ ဦးလိုက်ပါလာသည့် ရဟတ် ယာဉ်ကို ကော်ဘရာစစ်ကြောင်းက လေယာဉ်ပစ်လက်နက်ဖြင့် မဟုတ်ဘဲ ပွိုင့် 5 လက်နက်၊ စနိုက်ဘာ တို့သုံး၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဟတ်ယာဉ်ပျက်ကျ ပြီး စီးနင်းလိုက်ပါလာသည့်သူများ သေဆုံးသွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

ယခုနှစ်အစ ဇန်နဝါရီလအတွင်းတွင်ပင် KIA က စစ်ကောင်စီ၏ ရဟတ်ယာဉ်များကို ကချင်ပြည်နယ်၊ နာဖော့စစ်စခန်းအနီးတွင်တစ်စီး၊ ရှမ်းမြောက်၊ ကွတ်ခိုင် မြို့နယ်၊ နမ့်ဖတ်ကာတိုက်ပွဲတွင် တစ်စီး၊ စုစုပေါင်း နှစ်စီးကို ပစ်ချထားနိုင်ခဲ့သည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်မှ စ၍ ယခု ၂၀၂၄ ခုနှစ် သုံး နှစ်တာအတွင်း စစ်ကောင်စီ ၏ တိုက်ခိုက်ရေးနှင့် သယ်ယူပို့ဆောင်ရေး ရဟတ် ယာဉ် ခုနှစ် စီးကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ချနိုင်ခဲ့ပြီး ယခု ၂၀၂၄ နှစ်စတွင်ပင် ရဟတ်ယာဉ် သုံးစီးကို ပစ်ချနိုင်ခဲ့သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *