သူတို့စိတ်ဓာတ်လေးနဲ့ခံယူချက်ကောင်းလိုက်တာ

တနင်္သာရီတိုင်းအတွင်းရှိ အကျဉ်းထောင်များမှ နိုင်ငံရေး အကျဉ်းသားများက ကောလင်းတော်လှန်ရေးတပ်ဖွဲ့အတွက် ငွေကျပ် ၂၅၅၀၀၀ ကျပ်လှူဒါန်း၊ ထောင်ဝင်စာဝယ်မည့် ငွေကြေးများကို စုပေါင်းလှူဒါန်းခြင်းဖြစ်ဟုဆိုရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ တနင်္သာရီတိုင်းအတွင်းရှိ အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသားများက ကောလင်းတော်လှန်ရေးတပ်ဖွဲ့အတွက် ငွေကျပ် ၂၅၅၀၀၀ ကျပ်လှူဒါန်းကြောင်း နွေဦးရောင်ခြည်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ထိုသို့ လှူဒါန်းခြင်းဖြစ်ပြီး NUG pay မှတစ်ဆင့် လှူဒါန်းလိုက်ကြောင်း ၊ လှူဒါန်းမှုကြောင့် အကျဉ်းထောင်များတွင် ဖိနှိပ်မှုများရှိလာနိုင်သော်လည်း ရင်ဆိုင်ရန် အသင့်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများက ပြောဆိုကြသည်။ “ထောင်ကျပေမယ့် သွေးမအေးဘူးဆိုတာကို ပြချင်တာပါ” ဟု နိုင်ငံရေးအကျဉ်းသားများ၏ အလှူအကြောင်း သိရှိထားသည့် နွေဦးရောင်ခြည်အဖွဲ့က ပြောဆိုသည်။ လက်ရှိတွင် စစ်ကောင်စီက ကောလင်းမြို့ကို စစ်ကြောင်း ၅ ကြောင်း အင်အား ၁၀၀၀ နီးပါးဖြင့် ထိုးစစ်ဆင်ပြီး မြို့ သိမ်းပိုက်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း သိရှိရသည်။ ဓာတ်ပုံ- တော်လှန်ရေးတပ်ဖွဲ့များ စတင်သိမ်းပိုက်ခဲ့စဉ်က ကောလင်းမြို့ မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *