ပျော်စရာသတင်းဗျို့ခဝေးအကောင်၄၀မတ်စေ့ငုံ

ရှားတောက စစ်ရှောင်မိသားစုသုံးစုကို သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးအင်အားစုတွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်တပ်က ၄၀နီးပါးသေဆုံး ဖေဖော်ဝါရီ- ၁၀၊ ၂၀၂၄ ကရင်နီပြည် ၊ ရှားတောမြို့နယ်မှာ စစ်ရှောင်မိသားစုသုံးစုကို သတ်ဖြတ်ခဲ့တဲ့ စစ်တပ်ရဲ့ စစ်ကြောင်းနဲ့ ကရင်နီတော်လှန်ရေးအင်အားစုတွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုတပ်ဖွဲ့ဝင် ၄၀နီးပါး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်သား ၃၀ဦးကနေ ၄၀အကြား ကျဆုံးမှုတွေရှိခဲ့ပြီး သုံ့ပန်းအနေနဲ့ ဖမ်းဆီးရမိသူတွေလည်း ရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ထံက သိရပါတယ်။ “စစ်ကောင်စီရဲ့ စစ်ကြောင်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ရှင်းလင်းနေတာဖြစ်တယ်။ အရှင်မိထားတာတွေလည်းရှိတယ် အရှင်မိထားတဲ့ ဦးရေကလည်း ထပ်တိုးနိုင်တယ်”လို့ KNDFရဲ့ ပြောရေးဆိုခွင့်ရှိသူ စောသာအယ်စိုးက ပြောပါတယ်။ လက်ရှိမှာတော့ အဲဒီစစ်ကြောင်းက တပ်ဖွဲ့ဝင်တချို့ဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် တကွဲတပြားစီဖြစ်ကာ ထွက်ပြေးနေပြီး တော်လှန်ရေးတပ်ဖွဲ့တွေက လိုက်လံချေမှုန်းနေတယ်လို့ စောသာအယ်စိုးက ဆိုပါတယ်။ အဲဒီစစ်ကြောင်းဟာ ရှားတောမြို့ ဗျူဟာကုန်းအတွက် စစ်တပ်က လေယာဉ်နဲ့ စစ်ကူလာချသွားတဲ့ တောင်ကြီးမြို့၊မိုင်းပြင်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ-၂၄၉က ဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ အဲဒီစစ်ကြောင်းဟာ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးနဲ့ လသားကလေးငယ်အပါအဝင် ခုနစ်ဦးကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ခြောက်ဦးကို သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၅ ရက်နေ့က ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း၊ ဒေါဆီအီရွာက စာသင်ကျောင်းတစ်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ် လေးဦး သေဆုံးခဲ့ပြီး ၁၄ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီ ၆ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်အတွင်း နိုင်ငံတစ်ဝန်းက အရပ်သား (၄၄၈၅) ဦး စစ်တပ်ကြောင့် သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ပုံစာ – KNDF ဗျူဟာ အမှတ် ၆ ရဲ့ အပတ်စဥ် ၃ သင်တန်းဆင်းပွဲမှာ KNDF ရဲဘော်များကို စစ်ကောင်စီတပ်ဆီက သိမ်းဆည်းရမိတဲ့ လက်နက်များနဲ့ တွေ့ရပုံ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *