ကြမ္မာငင်လာဘီဆို ကိုယ့်အချင်းချင်းလည်းဆော်တာပဲ

မင်းလှမြို့နယ် ပျူစောထီးသင်တန်းတွင် အချင်းချင်းပစ်မိပြီး နှစ်ဦးဆေးရုံရောက်ကျော်ဇော/People’s Springပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် စစ်ကောင်စီတပ်က ပျူစောထီးများအား စစ်သင်တန်းပေးစဥ် သင်တန်းသားအချင်းချင်း ပစ်ခတ်မိရာက နှစ်ဦးဆေးရုံရောက်သွားကြောင်း ဒေသခံများက People’s Spring သတင်းဌာနသို့ ပြောသည်။ယနေ့(ဖေဖော်ဝါရီ ၁၀)နံနက် ၁၁ နာရီခန့်က မင်းလှမြို့အခြေစိုက် စစ်ကောင်စီ ခလရ (၁)တပ်မှ ဘုရားဝင်းကျေးရွာအနီး သေနတ်ပစ် ကွင်း၌ ပျူစောထီးများအား အခြေခံစစ် သင်တန်းပေးစဥ် အချင်းချင်းပြန်ပစ်မိခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။”သူတို့တွေကို သေနတ်ဖြုတ်တပ်လုပ်နည်းသင်ပေးနေတာ။ အဲ့မှာ ပျူတစ်ယောက်က ကျန်တဲ့နှစ်ယောက်ကို သေနတ်နဲ့ပစ်ရမလားဆိုပြီး စနေတာ။ အဲ့လိုစနေရင်း သေနတ်နဲ့ချိန်ထားတာ။ အထဲကျည်ရှိတာ မသိဘဲ ခလုပ်နှိပ်မိသွားတာ”ဟု ပစ်ခတ်မှုဖြစ်ပွားသည့်အခြေ အနေကို ဒေသခံတစ်ဦးက ပြောသည်။ထို့ကြောင့် ပျူစောထီးသင်တန်းသားနှစ်ဦး ကျည်ထိမှန်ဒဏ်ရာရကာ ဆေးရုံသို့ ပို့ဆောင်လိုက်ရပြီး မည်သည့်ဆေးရုံသို့ပို့ဆောင်လိုက်သည်ကိုမူ အတိအကျ မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။အဆိုပါ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးသင်တန်းသို့ မင်းလှမြို့နယ်ကျေးရွာများမှ စစ်တပ်ထောက်ခံသူ ပျူစောထီးအဖွဲ့ဝင် ၄၀ ကျော်ကို ကားသုံးစီးဖြင့်ခေါ်ဆောင်လာကာ ဘုရားဝင်းရွာအနီး သေနတ်ပစ်ကွင်းတွင် သင်တန်းပေးခြင်းဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။စစ်ကောင်စီတပ်သည် တော်လှန်ရေးအင်အားစုများ၏ နည်းမျိုးစုံဖြင့် တိုက်ခိုက်ခံရမှု၊ ပြည်သူနှင့်ပူးပေါင်းကာ CDM ပြုလုပ်မှုများကြောင့် အင်အားလျော့နည်းလာရာ ၎င်းတို့အားထောက်ခံသူများကို ပျူစောထီးနှင့် ပြည်သူ့စစ်အဖွဲ့များဖွဲ့စည်းစေကာ စစ်သင်တန်းပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်းများ လုပ်ဆောင်နေသည်မှာ ကာလအတန် ကြာပြီ ဖြစ်သည်။ထိုသို့လုပ်ဆောင်ရာတွင် ပျူစောထီးနှင့် ပြည် သူ့စစ်သင်တန်းများအတွက် သင်တန်းသားအသစ်များစုစောင်းရရှိမှုနည်းပါးလာရာ ကျေးရွာများတွင် မဲနှိုက်စေခြင်း၊ အတင်း အဓမ္မဖိအားပေးခြိမ်းခြောက်၍ သင်တန်းသားစုစောင်းခြင်းများကို ပဲခူးတိုင်း မြို့နယ်အသီးသီးတွင် လုပ်ဆောင်လျှက်ရှိသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *