ခလေးနှစ်ယောက်အတွက် အတိုးအရင်းပေါင်းပြီးဘောင်ချာဆုတ်ပါ

ရဲဘော်နှစ်ဦးမီးရှို့သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်သည်ဟုသံသယရှိသူ ပြည်ခိုင်ဖြိုးပါတီဝင် အမျိုးသမီးကို PDF ဖမ်းဆီးနန်းနောင့်နောင့်/People’s Spring မကွေးတိုင်း ဂန့်‌ဂေါမြို့ မြောက်ခင်ရန်းကျေးရွာ၌ ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦးအား မီးရှို့သတ်ဖြတ်မှုအတွင်း ပါဝင်ပတ်သက်သည်ဟု သံသယရှိသူ ပြည်ခိုင်ဖြိုးပါတီဝင်အမျိုးသမီး၊လွှတ်တော်အမတ်ဟောင်း ဘူးလက်လှဆွေ၏ တပည့်ဖြစ်သူကို ဖမ်းမိထားကြောင်း ကလေးမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့ကပြောသည်။စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင် သီသီအေးဆိုသည့် အမျိးသမီးကို ယနေ့(ဖေဖော်ဝါရီ ၁၀ ရက်)နံနက် ၁နာရီခန့်တွင် ဖမ်းဆီးလိုက်ခြင်းဟုသိရသည်။” သူက စစ်တပ်ထဲသွား သွားအိပ်တာ။ ဒါပေမယ့် ကျတော်တို့ဘက်ကလည်း ညက သူ့အိမ်မှာရှိတာ သတင်းအတိအကျရလို့ ရဲဘော်တွေက ဝင်ဖမ်းလာတာ”ဟု ဒေသကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။ကလေးမြို့၊ ကံပုလဲကျေးရွာရှိ နေအိမ်၌ ကာကွယ်ရေးရဲဘော်များက သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ကာကွယ်ရေးရဲဘော်နှစ်ဦးအား မီးရှို့သတ်ဖြတ် သတ်မှုတွင် သီသီအေးသည် နောက်ကွယ်မှ ပါဝင်သူဖြစ်သလို သတ်ဖြတ်မှုကျူးလွန်ရာအတွင်း ၎င်း၏ အကိုတစ်ဦးလည်းပါဝင်သည်ဟု သိရှိထားကြောင်း ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာ ၇ရက်က တိုက်ပွဲအတွင်း ဖမ်းမိသွားသည် ယောကာကွယ်ရေးတပ်မှ ရဲဘော် ဖိုးတေနှင့်သားထောင်တို့်ကိုမြောက်ခင်ရန်းရွာ၌ စစ်ကောင်စီတပ်နှင့်ပျုစောထီးများက အများပြည်သူမြင်ကွင်းတွင် အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့သည့် ရုပ်သံမှတ်တမ်းမှာ ဖေဖော်ဝါရီ ၆ရက်နံနက်က ထွက်ပေါ်လာခဲ့သည်။ထိုဖြစ်စဉ်အတွင်း ဘူးလက်လှဆွေ၏ တပည့် သီသီအေးက နောက်ကွယ်မှပါဝင်ပတ်သက်ခဲ့သလို မီးရှို့သတ်ဖြတ်မှုကိုလည်း လူမှုကွန်ရက်ပေါ် အားပေးအားမြှောက်ပြုခဲ့သူဟု ကလေးမြို့ ဒေသခံများက ပြောသည်။သီသီအေးကို ဖမ်းမိပါက ဘတ်ငွေ သုံးသိန်းပေးမည်ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတစ်ဦးက‌ ဖေဖော်ဝါရီလ ၇ရက်၌ ကြေညာခဲ့သည်။ ထို့နောက် ယခုအခါ ဒေသကာကွယ်ရေးရဲဘော်များက သီသီအေးကို ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ဖိုးတေနှင့်သားထောင်သည် ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာ ၇ရက်က မြောက်ခင်ရန်းပျူစောထီးရွာမှ စစ်ကောင်စီစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့စဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ယောကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားသည်။ အရက်မူးနေသည့်အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျုစောထီးများက ကာကွယ်ရေးရဲဘော်နှစ်ဦးအား လမ်းမပေါ်၌နှိပ်စက်ရိုက်နှက်ပြီး သစ်ပင်တွင် ကြိုးတုပ်ကာ တွဲလောင်းချ၍ မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ကျေးရွာမြောက်ဘက်အထွက် ဆေးရုံရှေ့မှ ကုက္ကိုလ်ပင်တွင် အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခြင်းခံခဲ့ရခြင်းဟု ယောကာကွယ်ရေးတပ်၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။” မသတ်ခင်မှာ အကြိမ်ကြိမ် ညှင်းပန်းနှိပ်စက်မှုများစွာကိုလည်း ပြုလုပ်ခဲ့ကြတယ်။ ရွာကလူတွေကို တစ်အိမ်တစ်ယောက် ခေါ်ပြီး အကြမ်းဖက်မှုတွေကို ကြည့်ခိုင်းခဲ့တယ်”ဟု ယောကာကွယ်ရေးတပ်က ထုတ်ပြန်သည်။ယခုအခါ သီသီအေးကို ကလေးခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စစ်ဆေးနေကြောင်းသတင်းရရှိသည်။(PDFက ဖမ်းဆီးထားသော ပြည်ခိုင်ဖြိုးပါတီဝင် သီသီအေးအား တွေ့ရစဉ်။ ဓာတ်ပုံ – သီသီအေး/ဖေ့စ်ဘွတ်ခ်)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *