အုပ်ကြီးတော့သွားဘီ ကျန်စာရင်းရှိသေးတယ်နော်

နတ်မောက်နှင့် တောင်တွင်းကြီးမြို့တွင် အုပ်ချုပ်ရေးမှူး ၁ ဦး အပါအဝင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ၅ ဦး ပစ်ခတ်ခံရပြီး ၄ ဦးသေဆုံးရန်ကုန်၊ ဖေဖော်ဝါရီ ၁၃မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကုလားရှင်စံပြကျေးရွာတွင် အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ခင်မောင်ဌေး ခေါ် သာဌေးနှင့် နေဝင်းတို့ကို ပစ်ခတ်တိုက်ခိုက်ရာ ခင်မောင်ဌေး သေဆုံးပြီး နေဝင်း လွတ်မြောက် သွားကြောင်း တော်လှန်ရေးအဖွဲ့များထံမှ သိရှိရသည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ ည ၆နာရီခွဲအချိန်တွင် နတ်မောက်တော်လှန်ရေးအင်အားစုနှင့် ရွှေညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကျောက်ပန်းတောင်း) တို့က အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ခင်မောင်ဌေး ခေါ် သာဌေးနှင့် နေဝင်းတို့ကို ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ခင်မောင်ဌေး သေဆုံးပြီး နေဝင်း လွတ်မြောက် သွားကြောင်း သိရသည်။ ခင်မောင်ဌေးနှင့် နေဝင်းတို့သည် ရပ်ရွာတော်လှန်ရေးအင်အားစုနှင့် တော်လှန်ပြည်သူများကို အကြမ်းဖက်စစ်တပ်နှင့် ပေါင်းကာ ဒုက္ခမျိုးစုံပေးထားသည့် သူများဖြစ်ကာ အကြမ်းဖက်စစ်တပ်၏ မတရားထုတ်ထားသည့် စစ်မှုထမ်းဥပဒေတွင်လည်း ပါဝင်ပတ်သက်နေသည့်အတွက် ရှင်းလင်းခဲ့ခြင်း ဖြစ်ေကြာင်း သိရှိရသည်။” ဒီရွာမှာ ကျွန်တော်တို့ ရရှိထားတဲ့ ဒလန် စားရင်းတွေကျန်ရှိနေပါသေးတယ်။ အချိန်အခါနဲ့ဆက်လက်လုပ်ကိုင်ခြင်း မကိုင်ခြင်းကိုလည်း စောင့်ကြည့်သွားမှာဖြစ်ပါတယ်” ဟု နတ်မောက်တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူက ပြောကြားသည်။အလားတူ တောင်တွင်းကြီးမြို့၊ ပျဉ်းချောင်းကျေးရွာ၊ အုပ်ချုပ်ရေးမှူး ဝင်းအောင် နှင့် အပေါင်းအပါ ၂ ဦးကို ဖေဖော်ဝါရီ ၁၂ ရက်နေ့ နေ့လည် ၁၂ နာရီ ၂၄ မိနစ်ခန့်တွင် အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရပါသည်။ရခိုင်ဘုရားကြီးဝင်းအတွင်း နီလာ-ထမင်းဆိုင်မှ ဝင်းအောင် နှင့် အပေါင်းအပါ ၂ ဦး ထမင်းစားပြီးထွက်လာသည့်အချိန်တွင် သေနတ်သမားများက ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးမှူး ဝင်းအောင် ဦးခေါင်းတွင် ကျည်ထိမှန်ကာ ကျန် ၂ ဦးသည် ဝမ်းဗိုက်နှင့်အခြားနေရာများ ထိမှန်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ ရုပ်အလောင်းများကို တောင်တွင်းကြီးရင်ခွဲရုံ၌ မိသားစုဝင်များက လာရောက်ထုတ်ယူသွားကြောင်း ဒေသပြည်သူများက ပြောကြားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *