ထိပ်တိုက်တွေ့ ထိပ်တိုက်ဆော်(ရုပ်သံ)

မြိုင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ မြိုင်ပကဖတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

++++++++++++++++++++++

ဖေဖော်ဝါရီ ၁၃ ရက် ၂၀၂၄

မကွေးတိုင်း မြိုင်မြို့နယ်အတွင်း ကန်နီသို့ ရိက္ခာပို့လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ မြိုင်ပကဖတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရိ ၁၁ ရက်က ကန်နီကို ရိက္ခာပို့လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ မြိုင်မြို့နယ် ကျောင်းကုန်းကျေးရွာပတ်ဝန်းကျင်အနီးမှာ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း စစ်သား ၁ ဉီးသေဆုံးပြီး ၇ ဉီးခန့် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ ပြည်သူ့ကာကွယ်ရေးတွေက ပစ်ခတ်မှုအတွင်း အကြမ်းဖက်စစ်တပ်ယာဉ် ၁ စီး ပျက်စီးပြီး ၁ စီး မိုင်းထိ ပျက်စီးသွားတယ်လို့ သိရပါတယ်။ ပြည်သူ့ကာကွယ်ရေးရဲဘော် ၂ ဉီးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၁၂ ရက်ကလည်း တိုက်ပွဲ ထပ်မံဖြစ်ပွားပြီး နံနက် ၇ နာရီက တစ်ကြိမ်၊ နေ့ လယ် ၁၁ နာရီ ၄၅ မိနစ်က တစ်ကြိမ်ဖြစ်ပွားခဲ့ရာ စစ်သား ၂ ဉီးသေဆုံးပြီး အခြားထိခိုက်ဒဏ်ရာ ရရှိမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ အကြမ်းဖက်စစ်သားတွေက အနီးရှိ ပြည်သူလူထုတွေကို ဖမ်းဆီးတာ၊ ကျေးရွာ အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အထက်ပါတိုက်ခိုက်မှုတွေကို မြိုင်ပကဖ တပ်ရင်း၊ တပ်စု၊ တပ်စိတ်များနှင့် ပခုက္ကူခရိုင်တပ်ရင်း(၂/၆/၇/၁၇)တို့က အတူတကွပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *