ပင်စင်စားတွေလည်း မနေရဘူး အကုန်ခေါ်

စစ်သားဟောင်းများကို တပ်ထဲ ပြန်ခေါ်မည့်ဥပဒေ စစ်ကောင်စီ ထပ်မံအသက်သွင်းMyanmar Nowစစ်တပ်ထဲမှ ထွက်ထားသူများနှင့် ပင်စင်စားစစ်သားများကို စစ်ကောင်စီတပ်ထဲ ပြန်လည်ခေါ်ဆိုမည့် အရန်တပ်ဖွဲ့ဥပဒေကို အသက်သွင်းကြောင်း စစ်ကောင်စီက ယနေ့တွင် ကြေညာလိုက်ပြန်သည်။ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကမှ အရပ်သားများကို စစ်ထဲသွင်းနိုင်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့သည့် စစ်ကောင်စီက စစ်သားဟောင်းများကိုလည်း တပ်ထဲပြန်ခေါ်မည့်ဥပဒေကို ဆက်လက်အသက်သွင်းခြင်းဖြစ်သည်။ထိုဥပဒေ ၂ ခုစလုံးသည် အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေက ၂၀၁၀ တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး စစ်ခေါင်းဆောင်က ၂၀၂၄ တွင် အသက်သွင်းခြင်းဖြစ်သည်။အရန်တပ်ဖွဲ့ဥပဒေအရ စစ်တပ်မှ ထွက်ခွင့်ရထားသူများနှင့် ပင်စင်စားများသည် ထွက်ခွင့်ကျသည့်နေ့မှ ၅ နှစ်အထိ အရန်တပ်ဖွဲ့ထဲတွင် ဆက်လက်စစ်မှုထမ်းရမည်ဖြစ်သည်။ထို့ပြင် စစ်တပ်ထဲမှ ထွက်ထားသူများနှင့် ပင်စင်စားစစ်သားများကိုလည်း စစ်တပ်က အရန်တပ်ဖွဲ့ဝင်အဖြစ် ခေါ်ဆိုနိုင်သည်။အရန်တပ်ဖွဲ့ဝင်အဖြစ် ဆင့်ခေါ်ခံရပါက စစ်မှုထမ်းရန်အတွက် လာရောက်ရမည်ဖြစ်ပြီး ငြင်းဆိုပါက ထောင် ၃ နှစ်အထိ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ပုံစာ – မြန်မာနိုင်င်ငံစစ်မှုထမ်းဟောင်းအဖွဲ့နှစ်ပတ်လည်အခမ်းအနားကို ဧရာဝတီတိုင်း သာပေါင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဇွန်လအတွင်း ပြုလုပ်ခဲ့စဉ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *