ရက်သတ်မှတ်လိုက်ဘီ လုပ်စရာရှိတာလုပ်ကြတော့

သင်္ကြန်အပြီး စစ်မှုထမ်းရန် လူသစ်စစုမည်ဟု စစ်ကောင်စီ တရားဝင်ပြောပြီ——အပတ်စဉ် ၁ ခုကို လူ ၅၀၀၀ နှုန်း ခေါ်မည်ဖြစ်ပြီး ရှေ့တန်းလွှတ်ရန်လည်း ပါဝင်။Myanmar Nowသင်္ကြန်ရုံးပိတ်ရက်များအပြီး ဧပြီလအတွင်းတွင် စစ်မှုထမ်းရန်အတွက် လူသစ်စုဆောင်းခြင်းကို စတင်လုပ်ဆောင်မည်ဟု စစ်ကောင်စီပြောခွင့်ရအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက BBC (မြန်မာပိုင်း) သတင်းဌာနကို ယနေ့တွင် ပြောဆိုလိုက်သည်။အပတ်စဉ် ၁ ခုလျှင် လူဦးရေ ၅,၀၀၀ ခန့် ခေါ်ရန် လျာထားကြောင်းနှင့် အသေးစိတ်ညွှန်ကြားချက်များ ထပ်မံထုတ်ပြန်မည်ဟုလည်း BBC (မြန်မာပိုင်း) ကို ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။တပ်သားသစ်များကို ရှေ့တန်းလွှတ်ရန်လည်း ထည့်သွင်းစဉ်းစားထားကြောင်း ၎င်းက ဆိုပြီး ထိုသို့စဉ်းစားရာတွင် တစ်ဦးချင်းစီ၏ ကျွမ်းကျင်တတ်မြောက်မှုအပေါ် အခြေခံစဉ်းစားမည်ဟုလည်း ဆိုသည်။လူသစ်စုဆောင်းခြင်းအတွက် စစ်တိုက်ရန်နေရာများအပြင် ကွန်ပျူတာပညာရှင်များ၊ စီးပွားရေးပညာရှင်များနှင့် သတင်းမီဒီယာသမားကဲ့သို့သော ကျွမ်းကျင်ပညာရှင်များလည်း လိုအပ်သည်ဟုလည်း စစ်တပ်ပြောခွင့်ရအရာရှိက ပြောသည်။အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေအမိန့်ဖြင့် ၂၀၁၀ ကတည်းက ပြဋ္ဌာန်းခဲ့သည့် အရွယ်ရောက်သူတိုင်း စစ်တပ်ထဲတွင် အချိန်အကြာဆုံး ၅ နှစ်အထိ ဝင်ရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် စတင်အသက်သွင်းခဲ့ခြင်းဖြစ်သည်။ထိုဥပဒေအရ သာမန်အရပ်သားများထဲမှ ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို ၂ နှစ်အထိ စစ်မှုထမ်းရန် စစ်တပ်က ဆင့်ဆိုနိုင်သည်။ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ သို့မဟုတ် အခြား အတတ်ပညာတစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများဖြစ်ပါက စစ်မှုထမ်းရမည့် အသက်အပိုင်းအခြားကို အမျိုးသားဖြစ်ပါက အသက် ၁၈ မှ ၄၅ နှစ်၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်ဟု သတ်မှတ်ထားသည်။အရေးပေါ်အခြေအနေဟု သတ်မှတ်ပါက စစ်မှုထမ်းကာလကို ၅ နှစ်အထိ သက်တမ်းတိုးနိုင်သည်။စစ်မှုထမ်းခြင်းကို ငြင်းဆိုပါက ထောင်ဒဏ် ၅ နှစ်အထိ ချနိုင်ကြောင်းလည်း ထိုဥပဒေတွင် ပြဋ္ဌာန်းထားသည်။

စစ်မှုထမ်းရန်အတွက် ပြည်သူများကို ရွေးချယ်ခေါ်ဆိုမည့် ပြည်သူ့စစ်မှုထမ်းဗဟိုအဖွဲ့ကို စစ်ကောင်စီက ယနေ့တွင် ဖွဲ့စည်းလိုက်သည်။

စစ်မှုထမ်းရန်အတွက် လူသစ်စုဆောင်းခြင်းကိ သင်္ကြန်ရုံးပိတ်ရက်များအပြီး ဧပြီလအတွင်းတွင် စတင်မည်ဟုလည်း စစ်ကောင်စီပြောခွင့်ရအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက BBC (မြန်မာပိုင်း) သတင်းဌာနကို ယနေ့တွင် ပြောဆိုထားသည်။

ပြည်သူ့စစ်မှုထမ်းဗဟိုအဖွဲ့ကို စစ်ကောင်စီကာကွယ်ရေးဝန်ကြီးက ဦးဆောင်မည်ဖြစ်သည်။

စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ နိုင်ငံသားတိုင်းကို ဆင့်ခေါ်၍ မှတ်ပုံတင်ထားရမည်။ ယင်းသို့ မှတ်ပုံတင်ထားခြင်းအတွက် မှတ်ပုံတင်လက်မှတ် ထုတ်ပေးရမည်။

အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေအမိန့်ဖြင့် ၂၀၁၀ ကတည်းက ပြဋ္ဌာန်းခဲ့ပြီး စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် စတင်အသက်သွင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ ထိုအဖွဲ့သည် စစ်မှုထမ်းရန်အတွက် သတ်မှတ်ချက်များနှင့် ကိုက်ညီသူများကို မှတ်ပုံတင်လက်မှတ်ထုတ်ပေးမည်ဖြစ်ပြီး စစ်မှုထမ်းမည့်သူများကိုလည်း ဆင့်ခေါ်မည်ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို စစ်မှုထမ်းရန် ဆင့်ခေါ်မည်ဖြစ်သည်။ ပညာရှင်ဟု စစ်တပ်က သတ်မှတ်ပါက စစ်မှုထမ်းရမည့်အသက်ကို အမျိုးသားဖြစ်ပါက အသက် ၁၈ မှ ၄၅ နှစ်၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်ဟု သတ်မှတ်ထားသည်။

စစ်မှုထမ်းကာလသည် ၂ နှစ်အထိဖြစ်ပြီး အရေးပေါ်အခြေအနေဟု သတ်မှတ်ပါက စစ်မှုထမ်းကာလကို ၅ နှစ်အထိ သက်တမ်းတိုးနိုင်သည်။

စစ်မှုထမ်းခြင်းကို ငြင်းဆိုပါက ထောင်ဒဏ် ၅ နှစ်အထိ ချနိုင်ကြောင်းလည်း ထိုဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ပုံစာ – စစ်တပ်သင်တန်းဆင်းပွဲတစ်ခု

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *