ဇော်မဲလုံးရုပ်သံလေးနားထောင်ပြီး ရီလိုက်ရတာအူပါတတ်

ဧပြီလနှောင်းပိုင်း သင်္ကြန်ပိတ်ရက်များအပြီး ပြည်သူများ စစ်မှုထမ်းရေး ဆင့် ခေါ်မည်ဖြစ်ပြီး စစ်မှုထမ်းရန် အကျုံးဝင်သူ အမျိုး သမီး၊ အမျိုးသား ၁၄ သန်းရှိဟု အကြမ်းဖက် ဇော်မင်းထွန်းပြောဆို (ရုပ်သံ)

■ အဖွဲ့ဝင် ၁၈ ဦးပါ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို စစ်ကောင်စီက ဖွဲ့စည်းလိုက်ပြီး လူငယ်များကို စစ်ရေး လေ့ကျင့်သင်ကြားပေးပြီးလျှင် ရှေ့တန်းစေလွှတ်မည်

ဖေဖော်ဝါရီ ၁၄

မြန်မာနိုင်ငံတွင် လာမည့် ဧပြီလနှောင်းပိုင်း သင်္ကြန်ပိတ်ရက်များအပြီး ပြည်သူများ စစ်မှုထမ်းရေး ဆင့်ခေါ်မည်ဖြစ်ပြီး စစ်မှုထမ်းရန် အကျုံးဝင်သူ အမျိုးသမီး၊ အမျိုးသား ၁၄ သန်းရှိနေကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက စစ်တပ်ပိုင်မီဒီယာများနှင့် ပုဂ္ဂလိကမီဒီယာများမှတစ်ဆင့် ထုတ်ဖော်ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ် ကောက်ယူခဲ့သော ကြားဖြတ်သန်းခေါင်စာရင်းအရ စစ်မှုထမ်းရန် အကျုံးဝင်သူ အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၄ သန်းရှိကြောင်း၊ လာမည့် ဧပြီလ သင်္ကြန်ကာလရုံးပိတ်ရက်များအပြီးတွင် စစ်မှုထမ်းဆင့်ခေါ်ရေး လုပ်ငန်းစဉ်များ စတင်မည်ဖြစ်ကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး ယင်းအဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ် ကာကွယ်ရေးဝန်ကြီး ၊ ဒုတိယဥက္ကဋ္ဌ အဖြစ် စစ်တပ်၏ ကြည်း၊ရေ၊လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ကလည်းကောင်း၊ အဖွဲ့ဝင်များအဖြစ် ဝန်ကြီး ၁၀ ဦး၊ စစ်ရုံးများမှ အရာရှိကြီး ၆ ဦး စုစုပေါင်း ၁၈ ဦး ပါဝင်ကြောင်း သိရှိရသည်။

အကြမ်းဖက် ဇော်မင်းထွန်းက ပြည်သူ့စစ်မှုထမ်းများကို ဆင့်ခေါ်ပြီးနောက် စစ်ရေးလေ့ကျင့်သင်ကြားပေးကာ ရှေ့တန်းစစ်မျက်နှာပြင်များသို့ စေလွှတ်သွားမည်ဖြစ်ကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *