ရန်ကုန်မြို့မှာပါကုန်ဘီနော် ဂရုစိုက်ကြ

သန်လျင်မြို့နယ်၊ ငွေသန်းဝင်းရပ်ကွက်တွင် အသက်မပြည့်သော ကလေးများ အပါအဝင် လူငယ်များ ပေါ်တာဆွဲခံရပြီး သန်လျင်ဘုရားကုန်းအနီး စစ်တပ်ထဲတွင် စုဆောင်းခံထားရ

■ ရန်ကုန်တိုင်းအတွင်းရှိ ရပ်ကွက်တစ်ခုလျှင် လူငယ် ၂၀ စုဆောင်းပေးရန် စစ်ကောင်စီက ညွှန်ကြား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ငွေသန်းဝင်းရပ်ကွက်တွင် လူငယ်များ ပေါ်တာဆွဲခံရပြီး သန်လျင်ဘုရားကုန်းအနီးရှိ စစ်တပ်ထဲတွင် စုဆောင်းခံထားရကြောင်း ပေါ်တာဆွဲခံရသည့် ကလေးများ၏ မိဘပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့ စစ်တပ်၊ ရဲနှင့် အုပ်ချုပ်ရေးအဖွဲ့များက သန်လျင်မြို့နယ်၊ မီးပွိုင့်အနီးရှိ ငွေသန်းဝင်းရပ်ကွက်တွင် တစ်အိမ် တစ်ဦး မဖြစ်မနေ ပေးရမည်ဟုဆိုကာ လူငယ်များကို ခေါ်ဆောင်သွားကြောင်း၊ ယင်းသို့ ခေါ်ဆောင်ခံရသည့်လူငယ်များတွင် အသက်မပြည့်သေးသော ကလေးငယ်များ ပါဝင်သွားကြောင်း သိရှိရသည်။

“ဖေဖော်ဝါရီလ ၁၂ ရက်နေ့ သန်လျင်မီးပွိုင့် ငွေသန်းဝင်းရပ်ကွက်အတွင်းမှာ တစ်အိမ်တစ်ဦး မဖြစ်မနေ ဆိုပြီး အမျိုးသားတွေကို ခေါ်ဆောင်သွားပါတယ်။ အခုက ကလေးတွေအကုန်လုံး သန်လျင်ဘုရားကုန်းနားက စစ်တပ်ထဲမှာ ရှိပါတယ်။ ကျမမောင်လေး ပါသွားပါတယ်။ ကလေးက နှလုံးရောဂါသည်ပါ။ သူမလိုက်ရင် အမေကို ဖမ်းမယ်ဆိုလို့ လိုက်သွားရတာပါ။ ဖမ်းသွားတဲ့အထဲမှာ အသက်မပြည့်တဲ့ကလေးတွေလည်းပါတယ်။ အခုက အဆက်အသွယ်ပေးမလုပ်တော့ဘူး” ဟု ပေါ်တာဆွဲခံရသည့် လူငယ်တစ်ဦး၏ အမဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်တပ်က လူငယ်များကို ခေါ်ဆောင်သွားချိန်တွင် ၂ ပတ်ကြာလျှင် ပြန်ပို့မည်ဟု ပြောဆိုသွားသော်လည်း လက်ရှိတွင် မိဘများကို လုံး၀ အဆက်အသွယ်မလုပ်တော့ကြောင်း ပြောဆိုသည်။

ထို့ပြင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များမှ ရပ်ကွက်များတွင် တစ်ရပ်ကွက်လျှင် လူငယ် ၂၀ ဦး စီ စာရင်းပေးရန် စစ်ကောင်စီက စာရင်းတောင်းခံလာကြောင်း ရန်ကုန်မြို့နယ်ရှိ မြို့နယ်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များထံမှ သိရှိရသည်။

သန္လ်င္ၿမိဳ႕နယ္၊ ေငြသန္းဝင္းရပ္ကြက္တြင္ အသက္မျပည့္ေသာ ကေလးမ်ား အပါအဝင္ လူငယ္မ်ား ေပၚတာဆြဲခံရၿပီး သန္လ်င္ဘုရားကုန္းအနီး စစ္တပ္ထဲတြင္ စုေဆာင္းခံထားရ
■ ရန္ကုန္တိုင္းအတြင္းရွိ ရပ္ကြက္တစ္ခုလွ်င္ လူငယ္ ၂၀ စုေဆာင္းေပးရန္ စစ္ေကာင္စီက ၫႊန္ၾကား
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၁၄
ရန္ကုန္တိုင္း၊ သန္လ်င္ၿမိဳ႕နယ္၊ ေငြသန္းဝင္းရပ္ကြက္တြင္ လူငယ္မ်ား ေပၚတာဆြဲခံရၿပီး သန္လ်င္ဘုရားကုန္းအနီးရွိ စစ္တပ္ထဲတြင္ စုေဆာင္းခံထားရေၾကာင္း ေပၚတာဆြဲခံရသည့္ ကေလးမ်ား၏ မိဘျပည္သူတခ်ိဳ႕က ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။
ေဖေဖာ္ဝါရီ ၁၂ ရက္ေန႔ စစ္တပ္၊ ရဲႏွင့္ အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားက သန္လ်င္ၿမိဳ႕နယ္၊ မီးပြိဳင့္အနီးရွိ ေငြသန္းဝင္းရပ္ကြက္တြင္ တစ္အိမ္ တစ္ဦး မျဖစ္မေန ေပးရမည္ဟုဆိုကာ လူငယ္မ်ားကို ေခၚေဆာင္သြားေၾကာင္း၊ ယင္းသို႔ ေခၚေဆာင္ခံရသည့္လူငယ္မ်ားတြင္ အသက္မျပည့္ေသးေသာ ကေလးငယ္မ်ား ပါဝင္သြားေၾကာင္း သိရွိရသည္။
“ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔ သန္လ်င္မီးပြိဳင့္ ေငြသန္းဝင္းရပ္ကြက္အတြင္းမွာ တစ္အိမ္တစ္ဦး မျဖစ္မေန ဆိုၿပီး အမ်ိဳးသားေတြကို ေခၚေဆာင္သြားပါတယ္။ အခုက ကေလးေတြအကုန္လုံး သန္လ်င္ဘုရားကုန္းနားက စစ္တပ္ထဲမွာ ရွိပါတယ္။ က်မေမာင္ေလး ပါသြားပါတယ္။ ကေလးက ႏွလုံးေရာဂါသည္ပါ။ သူမလိုက္ရင္ အေမကို ဖမ္းမယ္ဆိုလို႔ လိုက္သြားရတာပါ။ ဖမ္းသြားတဲ့အထဲမွာ အသက္မျပည့္တဲ့ကေလးေတြလည္းပါတယ္။ အခုက အဆက္အသြယ္ေပးမလုပ္ေတာ့ဘူး” ဟု ေပၚတာဆြဲခံရသည့္ လူငယ္တစ္ဦး၏ အမျဖစ္သူက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။
စစ္တပ္က လူငယ္မ်ားကို ေခၚေဆာင္သြားခ်ိန္တြင္ ၂ ပတ္ၾကာလွ်င္ ျပန္ပို႔မည္ဟု ေျပာဆိုသြားေသာ္လည္း လက္ရွိတြင္ မိဘမ်ားကို လုံး၀ အဆက္အသြယ္မလုပ္ေတာ့ေၾကာင္း ေျပာဆိုသည္။
ထို႔ျပင္ ရန္ကုန္တိုင္းအတြင္းရွိ ၿမိဳ႕နယ္မ်ားမွ ရပ္ကြက္မ်ားတြင္ တစ္ရပ္ကြက္လွ်င္ လူငယ္ ၂၀ ဦး စီ စာရင္းေပးရန္ စစ္ေကာင္စီက စာရင္းေတာင္းခံလာေၾကာင္း ရန္ကုန္ၿမိဳ႕နယ္ရွိ ၿမိဳ႕နယ္မ်ားႏွင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားထံမွ သိရွိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *