တလရ ရဲဘော်တွေဘေးကင်းပါစေ

မြိုင်မြို့နယ်၊ ကန်နီရွာ ပျူစောထီးစခန်းသို့ ရိက္ခာပို့ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ ခဲယမ်းနှင့်စစ်အသုံး အဆောင်များ သိမ်းဆည်းရရှိရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သံပရာခြံရွာအနီးတွင် ကန်နီရါာ ပျူစောထီးစခန်းသို့ ရိက္ခာပို့လာသော စစ် တပ်စစ်ကြောင်းကို တိုက် ခိုက် ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၃၅ မိနစ်ခန့်က ကန်နီရွာ ပျူစောထီးစခန်းသို့ ရိက္ခာပို့လာသော အကြမ်း ဖက် စစ်တပ်စစ်ကြောင်းမှ ရှေ့ပြေးကာကင်းထွက်လာသော အကြမ်းဖက် စစ်သားများကို မြိုင်မြို့နယ်၊ သံပရာခြံကျေးရွာ အနောက် ထိပ်အရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ် ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ထို့ပြင် အကြမ်းဖက်စစ်သားများ အသုံးပြုသည့် RPG အဖူး ၂ ဖူး ၊ RPG ပိုယမ်း ၁ ခု ၊ Equipment အင်္ကျီ ၂ ခု ၊ ပစ္စတိုထည့်အိတ် ၁ ခု ၊ MA ကျည်ဘောက် ၁ ခု ၊ MAကျည် ၉၆ တောင့် ၊ ဓားရှည် ၁ ချောင်း၊ စစ်သုံးကျောပိုးအိတ် ၃ လုံး ၊ စစ်သုံးမိုးကာ အင်္ကျီ ၂ ထည် သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။ ထို့ပြင် ယင်းအကြမ်းဖက်စစ်တပ် ရိက္ခာပို့စစ်ကြောင်းကို မြိုင် ပကဖ က အီနာဂါဗုံးသီး အများအပြား သုံးပြုပြီး ဒရုန်းများဖြင့် စဉ်ဆက်မပြတ် ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုများကို မြိုင်ပကဖ တပ်ရင်း၊ တပ်စု၊ တပ်စိတ်များနှင့် ပခုက္ကူခရိုင် တပ်ရင်း ၂ ၊ တပ်ရင်း ၆ တပ်ရင်း ၇ ၊ တပ်ရင်း ၁၇ တို့ အတူတကွပူပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲဝင် တစ်ဦး ကျည်ရှပ်ထိ ထိမှန်ဒဏ်ရာ မစိုးရိမ်ရကြောင်း သိရသည်။အထိနာနေသော အကြမ်းဖက်စစ်သားများသည် ပြည်သူလူထုကို ဖမ်းဆီးသတ် ဖြတ်ခြင်းများ၊ ပြည် သူ့ အိုးအိမ်များကို မီးရှို့ဖျက် ဆီးခြင်းများလုပ်ဆောင်လာနိုင်ပါသဖြင့် ပြည်သူများအနေနှင့်စစ် ကြောင်း သတင်းကို နားစွံ၍ စစ်ရေးသတိ ဖြင့် နေထိုင်ကြပါရန် မြိုင်ပကဖက တိုက်တွန်းထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *