ခဝေးတွေ အရိုးလုတဲ့ပွဲ နောင်ဂျိန် နောင်ဂျိန်

မအူပင်မြို့တွင် စရဖ မှ တပ်ကြပ်ကြီးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးများဝိုင်းရိုက်ဖေဖော်ဝါရီ ၁၅ ရက်ဧရာဝတီတိုင်း၊ မအူပင်မြို့ အမှတ် (၉)ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးအရှေ့တွင် ဖေဖော်ဝါရီ ၁၃ ရက်နေ့ ညပိုင်းက စစ်ဖက်ရေးရာလုံခြုံ ရေးတပ်ဖွဲ့ (စရဖ) မှ တပ်ကြပ်ကြီး မင်းထက်စံကို အမှတ် (၉)ရပ်ကွက် အုပ်ချုပ်ရေးမှုးနှင့်နောက်လိုက် ပျူစောထီးများက ဝိုင်းရိုက်ခဲ့ကြောင်း ဒေသခံများထံကသိရသည်။စရဖ တပ်ကြပ်ကြီး မင်းထက်စံကို ရပ်ကွက်အုပ်ချုပ်ရေးမှူး မင်းမောင်နှင့် ၎င်း၏ နောက်လိုက် ပျူစောထီးအဖွဲ့ဝင်များက ဝိုင်းရိုက်၍ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး မအူပင်မြို့ပြည်သူဆေးရုံကြီးကိုပို့ဆောင်ထားရကြောင်းသိရသည်။”စရဖ မင်းထက်စံက ကားနဲ့ ရေလဲလမ်းမဘက်ကအပြန်မှာ အမှတ် (၉)ရပ်ကွက် ရပ်ကွက်ရုံးအရှေ့ကနေတားပြီးရိုက်တာ။ အုပ်ချုပ်ရေးမှုးမင်းမောင်က မင်းထက်စံ စီးလာတဲ့ကားကိုတားလိုက်ပြီး ကားပေါ်ကဆင်းတဲ့အချိန်မှာသူ့နောက်လိုက် ပျူစောထီးအဖွဲ့တွေကဝိုင်းရိုက်ကြတာ။ အတော်လေးထိခိုက်ထားပြီးဆေးရုံခေါ်သွားတယ်” ဟု မျက်မြင်တွေ့ခဲ့ရသူတစ်ဦးက ပြောသည်။စစ်ကောင်စီတပ်က ထိုသို့ ဝိုင်းရိုက်သည့် ပျူစောထီးအဖွဲ့ကို ဖမ်းဆီး၍ မအူပင်မြို့မ ရဲစခန်းတွင်ချုပ်နှောင် စစ်ဆေးနေပြီး အမှတ် (၉)ရပ်ကွက်အုပ်ချုပ်ရေးမှူး မင်းမောင်ကိုမူ ယမန်နေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ နံနက်ပိုင်းက ပုသိမ်မြို့ရှိ တိုင်းစစ်ဌာနချုပ်သို့ စစ်ဆေးရန် ခေါ်ဆောင်သွားကြောင်း အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူများထံက သိရသည်”ခုဝိုင်းရိုက်တဲ့ ပျူစောထီးအဖွဲ့တွေကိုတော့ စစ်ကောင်စီတပ်က ဖမ်းဆီးထားလိုက်ပြီ။ ပုလင်းတူဗူးဆို့ တွေပဲ။ အဲဒီအမှတ် (၉)ရပ်ကွက်က အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးအဖွဲ့တွေက စစ်ကောင်စီတပ်က လက်သပ်မွေးထားတဲ့သူတွေပဲ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို စစ်ကောင်စီက ခန့်ထားတာ။ သူက NLD လက်ထက်တုန်းက မအူပင်မြို့နယ် မော်တော်ယာဥ်အသင်း ဥက္ကဌ နေရာယူထားပြီး ကားဂိတ်ထဲမှာအုပ်စုဖွဲ့ရမ်းကားနေတဲ့သူတွေ။ သူတို့က စစ်ကောင်စီတပ်က အရာရှိတွေနဲ့ပေါင်းပြီး ပြည်သူကိုဒုက္ခအများဆုံးပေးနေတာ” ဟု မအူပင်မြို့တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *