ဇီဇဝါ ထဲနတ်နတ်သီးကျ၍ ခဝေများကို-က်ကြ၏

ငွေစက္ကူရိုက်နှိပ်ထုတ်ဝေသော ဝါဇီစက်ရုံရှိ စစ်တပ်အား PDF လေးဖွဲ့က ပစ်ခတ်တိုက်ခိုက်ဟာနာဆန်/People’s Springမကွေးတိုင်း၊ ပခုက္ကူမြို့နယ်နှင့် ချောက်မြို့နယ်စပ်ရှိ ငွေစက္ကူရိုက်နှိပ်ထုတ်ဝေသော ဝါဇီစက်ရုံမှ စစ်ကောင်စီတပ်အား PDF အဖွဲ့လေးဖွဲ့ခွဲကာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိမ်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး Black Hawk Seikphyu Revolution Front၏ တာဝန်ရှိသူက ပြောသည်။ဖေဖော်ဝါရီ ၁၃ ရက် ည ၁၀ နာရီခန့်က ငွေစက္ကူထုတ်ဝေရာ ဝါဇီစက်ရုံ (လုံခြုံရေးနှင့် သက်ဆိုင်သော ပုံနှိပ်လုပ်ငန်းများစက်ရုံ- လ.န.စ)အား Short Range Missile ၂၇လုံး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိမ်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး- BHSRF၏ တာဝန်ရှိသူက ပြောသည်။ပထမခံစစ်စည်းဖြစ်သော ချိုက်​ကျေးရွာရှိ လက်နက်ကြီးစခန်းအား DROP BOMB ခြောက်လုံးဖြင့်လည်းတစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ပြီး လည်ကျင်းကျေးရွာအနီးရှိ လက်နက်ကြီးအထိုင်နှင့် ကင်းပုန်းများကိုလည်း အလစ်အငိုက်တိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်​၏ ထိခိုက်ပျက်စီးမှုများရှိကြောင်း သိမ်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး- BHSRF၏ တာဝန်ရှိသူက ပြောသည်။”ဝါဇီထဲကျပါတယ်။ ချိုက်ကျေးရွာဆိုတာ ဝါဇီစက်ရုံရဲ့ အနောက်တည့်တည့် ၂မိုင်အကွာက ရွာပါ။”ဟု ၎င်းတာဝန်ရှိသူက ပြောသည်။အဆိုပါ စစ်ဆင်ရေးအား သိမ်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး- BHSRF၊ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ Droneလက်ရုံးတပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်များဖြစ်ကြသော ပခုက္ကူခရိုင် အမှတ်(၈) တပ်ရင်း၊ တပ်ခွဲ (၁)တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။”၁၄ရက်နေ့ ညနေ ဆိပ်ဖြူယော၀သင်္ချိုင်းမှာ ဝါဇီမှာတာ၀န်ကျတဲ့ စခ ၁၀လောင်းလာ သင်္ဂြိုလ်တယ်တဲ့။ အထိအခိုက်များလို့ Complain တက်ကြတယ်။ဝါဇီထဲမှာ ခွေးချင်းကိုက်ကုန်ကျပြီ။”ဟု ဒေသကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။ဖြစ်စဥ်နှင့်ပတ်သက်၍ စစ်အုပ်စုထိခိုက်မှုအခြေအနေအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ ဝါဇီစက်ရုံကို ပြီးခဲ့သည့် ၂၀၂၃ကလည်း ဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့သေးသည်။(တိုက်ခိုက်ရာတွင်အသုံးပြုခဲ့သော လက်နက်များအားတွေ့ရစဥ်။ ဓာတ်ပုံ-ဒေသတွင်းတော်လှန်ရေးအင်အားစု)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *